Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ (၁၆) ကြိမ်မြောက် နိုင်ငံတကာ အစားအစာများ ပြပွဲ (၂၀၂၃) မှ ပြည်ပသို့ရောင်းချမှု ပမာဏနှစ်ဆတိုးမြင့်စေခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ World Trade Center တွင် ၂၀၂၃ခုနှစ်၊ မေလ ၂၆ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် 16th International Food Exhibition (IFEX) Philippines သည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးမားဆုံးကုန်စည်ပြပွဲတစ်ခုဖြစ်ပြီး ၂၀၂၂ ပြပွဲ နှင့် နှိုင်းယှဉ်မည်ဆိုပါက အဆိုပါပြပွဲ  ကျင်းပခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပပို့ကုန်ရောင်းချရငွေ ၅၂ ရာခိုင်နှုန်းနှင့် အမေရိကန်ဒေါ်လာ ၁၆၂ သန်း တိုးမြင့်ခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

အစီရင်ခံစာတွင် အဆိုပါပြပွဲမှ ပြည်တွင်းနှင့် နိုင်ငံတကာမှ ကုန်သည်ပေါင်း ၉,၅၀၀ ဦးနီးပါးအား ဆွဲဆောင်နိုင်ခဲ့ကြောင်းနှင့် ပြပွဲတွင် B-B Business Matching များ ပြုလုပ်နိုင်ခြင်း အစီအစဉ်ပါဝင်နိုင်ရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပို့ကုန်ဌာနခွဲမှ ပူးပေါင်းပါဝင်ခဲ့သဖြင့် ပြည်ပပို့ကုန်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၆၁ သန်းကျော်ရရှိခဲ့ပြီး ပြပွဲသို့လာရောက်လည်ပတ်သူများအား လက်လီရောင်းချရငွေ ပီဆို -၉.၇သန်း ရရှိခဲ့ကြောင်းသိရှိ ရပါသည်။

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများမှာ ထိပ်တန်းပို့ကုန်ပစ္စည်းများဖြစ်ခဲ့ပြီး ပြည်ပသို့ ရောင်းချရမှုမှာ အမေရိကန်ဒေါ်လာသန်း ၈၀ နီးပါး ရရှိခဲ့ပြီး အဆာပြေစားသည့် အစားအသောက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များနှင့်ပြုလုပ်ထားသည့် အစားအစာများ ပြည်ပသို့ရောင်းချရမှုမှာ အမေရိကန်ဒေါ် လာ ၂၁ သန်းကျော်ရရှိခဲ့ပါသည်။ အလားတူ အဆိုပါကုန်စည်ပြပွဲမှ ပြည်တွင်း ရောင်းချရသည့် ပမာဏ မှာ ပီဆို ၁၄၇ သန်း ထိ ရောက်ရှိခဲ့ပါကြောင်း၊ ဈေးကွက်တွင် ဂုဏ်သိက္ခာကြီးမားသည့် ဆုတံဆိပ်ဖြစ်သည့် Katha Awards အား ပေးအပ်ခဲ့ပြီး ကုန်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာလည်းပါဝင်ကြောင်း၊ အဆိုပါဆုတံဆိပ်အားအမျိုးအစားခွဲ၍ ပေးအပ်ခြင်းဖြစ်ပြီး သကြားဖြင့် ဖုတ်ထားပေါင်းထားသည့် မုန့်များ၊ အဖျော်ယမကာများ၊ ရေထွက်ပစ္စည်းများ၊ အသားများ၊ မွေးမြူးရေး ကြက်/ဘဲမှ ထုတ်သည့် အစားအစာများနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အော်ဂဲနစ်အစားအစာများအား ထုတ်ပိုးမှုပုံစံကောင်းမွန်ခြင်း၊ ပြခန်းတွင် လှပစွာခင်းကျင်းပြသနိုင်မှုနှင့် ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ တစ်ဦးချင်း ရှင်းလင်းပြသနိုင်မှုစသည့် အချက်အလက်များကို အခြေခံပြီး ဆုချီးမြှင့်ခြင်း ဖြစ်ပါသည်။

၂၀၂၃ ခုနှစ် ပြပွဲတွင် အရှေ့အလယ်ပိုင်းဒေသ၊ အမေရိကန်၊ အရှေ့အာရှဒေသများမှ ဝယ်ယူသူများနှင့် လာရောက်လေ့လာသူ ဦးရေ သိသိသာသာတိုးမြင့်ခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံသားနှင့် နိုင်ငံခြားသားပိုင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းပေါင်း ရာကျော်ခန့်မှ ကုန်ပစ္စည်းအမျိုးအစားအသစ်များ ထုတ်လုပ်ထားရှိသည်ကို တွေ့ရှိခဲ့ရပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်အစားအစာများသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိသည့် အာရှအမယ်တစ်ခုအဖြစ် ကမ္ဘာ့အစားအစာများ လမ်းကြောင်းပေါ်တွင်ရောက်ရှိသွားပြီဖြစ်ကြောင်း ယခုပြပွဲမှ သက်သေပြသနေပါကြောင်း၊ အထူးသဖြင့် ဒေသတွင်းတွင် လက်ရှိအချိန်ကာလ၌ ရှင်သန်တိုးတက်နေမှု ရှိနေပြီဖြစ်ကြောင်း၊အရည်အသွေးနှင့် အရသာအကောင်းဆုံး အစားအစာများအား ဖိလစ်ပိုင်နိုင်ငံမှ အောင်မြင်စွာ ထုတ်လုပ်နေသည်ကိုလည်း IFEX  ပြပွဲတွင် တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါသည်။

ယခုပြပွဲသည် စားသောက်ကုန်ပစ္စည်းထုတ်လုပ်သည့် ကဏ္ဍအတွက်သာမက ဖိလစ်ပိုင်နိုင်ငံ၏ ရာစုနှစ်ကျော်သက်တမ်းရှိ ယဉ်ကျေးမှုနှင့် ရှေးဟောင်းအမွေအနှစ်များကိုပါ သိရှိဖော်ထုတ်ပေးနိုင်သည့် အရေးပါသော အခမ်းအနားတစ်ခုဖြစ်ပြီး ပြပွဲမှတစ်ဆင့် လက်ရှိကုန်သွယ်ဖက် နိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးများအား တည်ဆောက်သွားနိုင်မည်ကို ယုံကြည်ပါကြောင်း ဖော်ပြပါရှိပါသည်။

 

 

Source: https://mb.com.ph/2023/6/13/ifex-ph-2023-doubles-export-sales

(စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: Phillippines