China (HongKong)

Golden Week ပိတ်ရက်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွား ၁.၃၈ သန်းလာရောက်

Last Updated:

(၇) ရက်ကြာမြင့်သည့် တရုတ်ပြည်မ အမျိုးသားနေ့ရုံးပိတ်ရက်ဖြစ်သော Golden Week ကာလအတွင်း ဟောင်ကောင်ဒေသို့ ခရီးသွား ၁.၃၈ သန်းလာရောက်ခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်ဟု ဟောင်ကောင်ဒေသ အစိုးရ၏ “Golden Week attracts 1.38m visitors” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

လာရောက်သည့် ခရီးသွားအရေအတွက်မှာ အစောပိုင်းခန့်မှန်းချက်နှင့်ကိုက်ညီပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ခရီးသွားအရေအတွက် ၂၂၀,၀၀၀ လာရောက်ခြင်းကြောင့် ကိုဗစ်-၁၉ အလွန်နယ်စပ်များ ပြန်ဖွင့်ပြီးနောက်ပိုင်း ခရီးသွားလာရောက်မှု အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ဟောင်ကောင်ဒေသသို့ လာရောက်သည့် အဆိုပါခရီးသွားစုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းမှာ တရုတ်ပြည်မလာရောက်ခြင်းဖြစ်ကြောင်းနှင့် အောက်တိုဘာ ၁ ရက်မှ ၄ ရက်အတွင်း ဟိုတယ် အခန်းငှားရမ်းမှုနှုန်းထားမှာ ၉၀ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဟိုတယ်လုပ်ငန်းများမှ ပေးပို့လာသည့် အချက်အလက်များတွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။  

အမျိုးသားနေ့ရုံးပိတ်ရက်များအတွင်း ဟောင်ကောင်ဒေသအစိုးရနှင့် ကဏ္ဍအသီးသီး၏ အထူးအစီအစဉ်များတွင် ပြည်သူလူထုက အပြည့်အဝပါဝင်ခဲ့ကြောင်းနှင့် ရရှိလာသည့် အတွေ့အကြုံများအပေါ် မူတည်၍ ပွဲတော်ကာလများတွင် ဟောင်ကောင်ဒေသသို့လာရောက်သည့် ခရီးသွားများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများရရှိနိုင်မည့် အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပွဲတော်စီစဉ်ရေးအတွက် ဖွဲ့စည်းထားသည့် ဌာနစုံပါဝင်သည့် လုပ်ငန်းအဖွဲ့ အကြီးအကဲဖြစ်သူ Chief Secretary Chan Kwok-ki က ပြောကြားခဲ့ပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)