USA

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့တွင် ကုန်သွယ်မှုကိုယ်စားလှယ်ရုံးကို ဦးဆောင်ရန် ယခင် ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Robert Lighthizer ကို ခန့်ထားလိုကြောင်း ပြောကြားခဲ့

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့တွင် ကုန်သွယ်ရေးကဏ္ဍကို ဦးဆောင်ရန် ယခင်ကုန်သွယ်ရေးကိုယ်စားလှယ် (U.S. Trade Representative) Mr. Robert Lighthizer ကိုခန့်ထားလိုကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ဖော်ပြခဲ့ပါသည်။ Mr. Robert Lighthizer သည် ဒေါ်နယ်ထရမ့်၏ပထမအကြိမ်သမ္မတသက်တမ်းအတွင်း အဓိကအကြံပေးနှင့် အကောက်ခွန်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ ဒုတိယအကြိမ်သမ္မတ သက်တမ်းတွင်လည်း ၎င်းအား ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနှင့် အမေရိကန်ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးတို့ကိုကြီးကြပ်လျက် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများ အကောင်အထည်ဖော်ရန် ဦးဆောင်စေလိုသည်ဟု သတင်းထွက်ပေါ်လာကြောင်း၊ ယင်းရာထူးကိုခန့်ထားရန် အမေရိကန်အထက်လွှတ်တော်၏ သဘောတူညီချက်ကိုရယူရန်မလိုအပ်ဘဲ ၂၀-၁-၂၀၂၅ ရက်တွင်ကျင်းပမည့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားပြီးနောက်ပိုင်း ဒေါ်နယ်ထရမ့်၏ အကောက်ခွန်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ခန့်ထားနိုင်ကြောင်း၊ သို့ရာတွင် ဒေါ်နယ်ထရမ့်အနေဖြင့် Mr. Robert Lighthizer အား ဘဏ္ဍာရေးဝန်ကြီး သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး သို့မဟုတ် အမျိုးသားစီးပွားရေးကောင်စီဒါရိုက်တာအဖြစ် ခန့်ထားနိုင်ခြေရှိကြောင်း၊ Mr. Robert Lighthizer သည် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သက်တမ်းတွင် မြောက်အမေရိကန်လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (North American Free Trade Agreement, NAFTA) ကိုအစားထိုးချုပ်ဆိုခဲ့သည့် အမေရိကန်-မက္ကဆီကို-ကနေဒါ ကုန်သွယ်မှုသဘောတူစာချုပ် (U.S. – Mexica – Canada) ချုပ်ဆိုနိုင်ရန် ကူညီခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။  Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: USA