USA

Microsoft ကုမ္ပဏီ သည် Apple ကုမ္ပဏီကိုကျော်လွန်၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီဖြစ်လာ

Last Updated:

Microsoft ကုမ္ပဏီသည် Apple ကုမ္ပဏီကိုကျော်လွန်၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီ ဖြစ်လာကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၁၁-၁-၂၀၂၄ ရက်နေ့တွင် “Microsoft Dethrones Apple as the Largest U.S. Company” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ Microsoft ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်း ဈေးကွက်တန်ဖိုးသည် Apple ကုမ္ပဏီကို ကျော်လွန်သွားခဲ့ကြောင်း၊ ၁၁-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် Microsoft ကုမ္ပဏီ ၏ ဈေးကွက်ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ (၂.၈၇) ထရီလီယံရှိပြီး Apple ၏ အစုရှယ်ယာဈေးနှုန်းမှာ (၁) ရာခိုင်နှုန်းကျဆင်းခဲ့သဖြင့် ရင်းနှီးငွေပမာဏ အနိမ့်ဆုံးသို့ရောက်ရှိခဲ့ ပါကြောင်း၊ Google နှင့် Amazon ကဲ့သို့သော ပြိုင်ဖက်ကုမ္ပဏီများ၏ အစုရှယ်ယာဈေးနှုန်းကျဆင်း ခဲ့သော်လည်း  Microsoft ၏ အစု ရှယ်ယာဈေးနှုန်း မြင့်တက်လျက်ရှိပါကြောင်း၊ Microsoft သည် ဉာဏ်ရည်တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းဖြင့် ဝင်ငွေများရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ တွင်ကုန်ဆုံးခဲ့သည့်သုံးလပတ်အတွင်း ဝင်ငွေ (၆၁) ဘီလီယံသို့ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထား သဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၁၆) ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပါကြောင်း၊ Apple သည် ၂၀၂၃ ခုနှစ်တွင် အစုရှယ်ယာဈေးနှုန်းမကျဆင်းမီက ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ (၃) ထရီလီယံသို့ ရောက်ရှိခဲ့သည့် ပထမဆုံးကုမ္ပဏီဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ဈေးနှုန်းမြင့်တက်မှုမရှိဘဲဖြစ်မည်ကို ဈေးကွက်လေ့လာသူများက စိုးရိမ်လျက်ရှိကြကြောင်း၊ Microsoft ၏ အစုရှယ်ယာတန်ဖိုးသည် ယခင်နှစ်များတွင်(၆၄) ရာခိုင်နှုန်းတက်လာခဲ့သော်လည်း Apple ၏ အစုရှယ်ယာ ဈေးနှုန်းမှာ (၃၈) ရာခိုင်နှုန်းသာမြင့်တက်ခဲ့ပါကြောင်း၊ အဆိုပါကုမ္ပဏီနှစ်ခုစလုံး၏ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုမ္ပဏီနှစ်ခုစလုံး၏ အစုရှယ်ယာဈေးနှုန်းတက်စေလိုကြသည်ဟု သိရှိရပါကြောင်းနှင့် အမေရိကန်နိုင်ငံရှိ နည်းပညာကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Microsoft နှင့်  Apple တို့ပြီးနောက် Amazon သည် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီအဖြစ် (၁၃) ရက်ခန့်ကြာ ရပ်တည်ခဲ့သည့် တစ်ခုတည်းသောကုမ္ပဏီဖြစ်ပါကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA