Korea

တောင်ကိုရီးယား အစိုးရသည်  အာကာသလုပ်ငန်းကဏ္ဍအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံအထိ မြှင့်တင်သွားမည်

Last Updated:

တောင်ကိုရီးယား အစိုးရသည် အာကာသလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် ဝမ်ငွေ ၁.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၄ ဘီလီယံ) အထိ မြှင့်တင်သွား မည်ဟု  ထုတ်ပြန်ထားပါသည်။

အာကာသလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအသုံးစရိတ်ကို မြှင့်တင်သွားမည့်အပြင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကိုလည်း မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ၂၀၄၅ ခုနှစ်တွင် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုကို ဝမ်ငွေ ၁၀၀ ထရီလီယံအထိ ရရှိ နိုင်ရန် ရည်မှန်းထားပြီး အာကာသလုပ်ငန်းကဏ္ဍမှ အရည်အသွေးမြင့်သည့် အလုပ်အကိုင် စုစုပေါင်း ၂၅၀,၀၀၀ အထိ ဖန်တီးပေးနိုင်လိမ့်မည်ဟု ရည်မှန်းထားပါကြောင်းနှင့် အာကာသစီးပွားရေး လုပ်ငန်းသည် နိုင်ငံ၏အဓိကလုပ်ငန်းကဏ္ဍအဖြစ်ထားရှိပါကြောင်း သမ္မတယွန်ဆုခ်ယော်က တောင်ပိုင်း Gyeongsang ပြည်နယ်၊ Sacheon မြို့ရှိ Korea Aerospace Industries Co., Ltd. တွင် ကျင်းပသည့် အာကာသလုပ်ငန်းအစုအဖွဲ့ (The space industry cluster) အခမ်းအနားတွင် ၁၃-၃-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

 တောင်ကိုရီးယားနိုင်ငံသည် ၂၀၃၂ ခုနှစ်တွင် လကမ္ဘာပေါ်၌ အာကာသယာဉ်ဆင်းသက် ပြီး ၂၀၄၅ ခုနှစ်တွင် နိုင်ငံတော်အလံစိုက်ထူသွားရန်အတွက် ခြေလှမ်းစတင်ပြီဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် Space Industry Cluster အခမ်းအနားသည် အမျိုးသားအဆင့်စီမံကိန်းဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍမှ ဦးဆောင်မှုကို တိုက်တွန်းအားပေးသွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် တောင်ပိုင်း Jeolla ပြည်နယ်ကို ယာဉ်များထုတ်လုပ်ရာအထူးနယ်မြေ၊ တောင်ပိုင်း Gyeongsang ပြည်နယ်ကို ဂြိုလ်တုများ (Satellites) ထုတ်လုပ်ရာ အထူးနယ်မြေ၊ Daejeon ပြည်နယ်ကို အာကာသလုပ်ငန်းကဏ္ဍပညာရှင်များနှင့် လုပ်ငန်းများအတွက် အထူးနယ်မြေအဖြစ် တြိဂံ ပုံစံစနစ် သတ်မှတ်၍ ဆောင်ရွက်နေပါကြောင်း၊ Space Industry Cluster အစီအစဉ်အရ တောင် ကိုရီးယားနိုင်ငံသည် ၂၀၄၅ ခုနှစ်တွင် ကမ္ဘာ့အာကာသလုပ်ငန်းဈေးကွက်၏ ၁၀ ရာခိုင်နှုန်းကို ရယူ ရန် ရည်ရွယ်ထားပါကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့ထိပ်တန်းအာကာသစွမ်းအားရှင် (၅) နိုင်ငံ စာရင်းတွင် ပါဝင်လာသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သမ္မတယွန်ဆုခ်ယော်က ပြောကြားခဲ့ပါသည်။

ယင်းသို့ ကမ္ဘာ့ထိပ်တန်းအာကာသစွမ်းအားရှင် (၅) နိုင်ငံစာရင်းတွင် ပါဝင်နိုင်ရေးအတွက် အစိုးရက အခြေခံအဆောက်အဦများ တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှ အခြေခံအဆောက်အဦများတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံရန် ခက်ခဲမည်ကိုသိသည့်အတွက် ပုဂ္ဂ လိက ကုမ္ပဏီများအတွက် ဒုံးပျံလွှတ်တင်သည့်နေရာများနှင့် အာကာသပတ်ဝန်းကျင် စမ်းသပ်ရေး အဆောက်အအုံများကဲ့သို့သော အခြေခံအဆောက်အဦများကို အစိုးရက တည်ဆောက်ပေးသွား မည်ဖြစ်ပါကြောင်း သမ္မတယွန်းက ပြောကြားခဲ့ပါသည်။ သိပ္ပံ၊ သတင်းအချက်အလက်၊ ဆက် သွယ်ရေး နည်းပညာဝန်ကြီးဌာနဝန်ကြီး Space Industry Cluster ရေရှည်တည်တံ့ခိုင်မြဲရေးအ တွက် ၅ နှစ်စာ အခြေခံစီမံကိန်းနှင့် ဘဏ္ဍာရေးအထောက်အပံ့ဆိုင်ရာ ပြဌာန်းချက်များပါဝင်သည့် အထူးဥပဒေတစ်ရပ်ကို ပြဌာန်းသွားမည်ဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန် မှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အာကာသလုပ်ငန်းကဏ္ဍပညာရှင်များ ပေါ်ထွန်းလာစေရေး အမျိုးသားအဆင့် အရည်အချင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း များကို Daejeon Cluster တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် ဟန်မြစ်၏အံ့ဖွယ်ရာနိုင်ငံအဖြစ်လည်းကောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၏ အံ့ဖွယ်ရာနိုင်ငံအဖြစ်လည်းကောင်း လူသိများထင်ရှားခဲ့ပြီးနောက် နောင်တွင် အာကာသယာဉ်များ၏ အံ့ဖွယ်ရာနိုင်ငံအဖြစ် ထင်ရှားလာမည်ဖြစ်ပါကြောင်း သမ္မတယွန်ဆုခ်ယော်က ပြောကြားခဲ့ပါသည်။

 

 

 

 

Source: https://www.koreatimes.co.kr/www/tech/2024/03/129_370545.html#:~:text=Gov't%20to%20increase%20annual,by%202027%20%2D%20The%20Korea%20Times

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea