Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ပို့ကုန်တိုးမြှင့်ရေးအစီအစဉ် (၂၀၂၃-၂၀၂၈) အရ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၀ ဘီလီယံထိရရှိရန် မျှော်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသမ္မတ Ferdinand R.Marcos Jr; မှ ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေး အစီ အစဉ် (2023-2028 Philippines Export Development Plan-PEDP) အား ၁၅-၆-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးအဆိုပါအစီအစဉ်အရလာမည့် ၆ နှစ်တာကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ အဓိကပို့ကုန်ကဏ္ဍ ၈ ခုမှ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၀.၅ ဘီလီယံထိ ရရှိရန် မျှော်မှန်းထားပါကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၆.၈ ဘီလီယံအား စတင်ရရှိရန်နှင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၃.၄ ဘီလီယံ၊ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၃.၆ ဘီလီယံ၊ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၆.၇ ဘီလီယံ၊ ၂၀၂၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၁၂.၁  ဘီလီယံ၊ နောက်ဆုံးသတ်မှတ်ထားသည့် ၂၀၂၈ ခုနှစ်တွင် မျှော်မှန်းတွက်ချက် ထားသည့် အမေရိကန် ဒေါ်လာ ၂၄၀.၅ ဘီလီယံအထိ အသီးသီးရရှိရန် မျှော်မှန်းထားကြောင်း PEDP တွင် ဖော်ပြထားပါကြောင်း သိရှိရပါသည်။

အဓိကပို့ကုန်ကဏ္ဍ ၈ ခုမှာ အီလက်ထရောနစ်၊ နည်းပညာ၊ သတ္ထုတွင်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးကိုအခြေခံသည့် ပို့ကုန်၊ ပို့ဆောင်ဆက်သွယ်ရေးပစ္စည်း၊ ဖက်ရှင်နှင့် ခရီးဆောင် ပစ္စည်းများ၊ ဓာတုပစ္စည်းများနှင့်အိမ်ထောင် ပရိဘောဂပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းတို့ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် အဆိုပါကဏ္ဍများ၏ ပို့ကုန်ရငွေမှာ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၈၈.၅ ရာခိုင်နှုန်း၊   အမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံ ထိရရှိရန် မျှော်မှန်းထားကြောင်း ဖော်ပြပါရှိပါသည်။

နည်းပညာလုပ်ငန်းကဏ္ဍ (IT-BPM) မှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆.၁ ဘီလီယံ ရရှိ ရာမှသတ်မှတ်ထားသည့် ၆ နှစ်ကာလဖြစ်သည့် ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၃.၂ ဘီလီယံထိ ရရှိရန်မျှော်မှန်းထားသည့်နည်းတူ အီလက်ထရောနစ်ပစ္စည်းများ တင်ပို့သည့်လုပ်ငန်း ကဏ္ဍအနေဖြင့် အကြီးမားဆုံးကဏ္ဍတွင် ဆက်လက်တည်ရှိနေစေရန်နှင့် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃.၇၆ ဘီလီယံရရှိရာမှ ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၆.၄ ဘီလီယံ ထိ ရရှိရန်မျှော်မှန်းထားကြောင်း လည်း သိရှိရပါသည်။

သတ္ထုတွင်းလုပ်ငန်းကဏ္ဍမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံ မှ ၂၀၂၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလီယံထိ ရရှိရန်လည်းကောင်း၊ စိုက်ပျိုးရေးကဏ္ဍမှ အမေရိကန် ဒေါ်လာ ၅.၁ ဘီလီယံ မှ ၂၀၂၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံထိ ရရှိရန်လည်းကောင်း၊ ပို့ဆောင်ရေးကဏ္ဍမှ အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ မှ ၂၀၂၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၆.၈  ဘီလီယံထိ စသည်ဖြင့် အသီးသီးတိုးမြှင့်ရရှိရန် ရည်မှန်းထားပါသည်။

အလားတူ ဖက်ရှင်နှင့်ခရီးဆောင်ပစ္စည်းများထုတ်လုပ်သည့်ကဏ္ဍမှ အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ မှ ၂၀၂၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ၊  ဓာတုပစ္စည်းထုတ်လုပ်သည့် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ မှ ၂၀၂၈ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၂.၄  ဘီလီယံ၊ အိမ်ထောင် ပရိဘောဂပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ မှ ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄  ဘီလီယံထိ ရရှိရန်လည်း မျှော်မှန်းထားပါသည်။

အထက်ဖော်ပြပါ အဓိကပို့ကုန်ကဏ္ဍ ၈ ခုအတွက် ဦးစားပေးလုပ်ငန်းကဏ္ဍ ၄ ရပ် သတ်မှတ် ထားပြီး လုပ်ငန်းစဉ်အသီးသီးအား မတူကွဲပြားခြားနားသော မဟာဗျူဟာများ ချမှတ်၍ PEDP 2023-2028 အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ပို့ကုန်ဌာန၏ ဥက္ကဋ္ဌ ဖြစ်သူ Sergio Ortiz-Luis Jr မှ ပြောကြားခဲ့ပါသည်။

ဦးစားပေးလုပ်ငန်းကဏ္ဍ ၄ ရပ်မှာ စက်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ (IMT)၊ နည်းပညာ၊ မီဒီယာနှင့်ဆက်သွယ်ရေးကဏ္ဍ (TMT)၊ ကျန်းမာရေးနှင့်လူမူဘဝကဏ္ဍ (HLS)၊ ခံနိုင်စွမ်းရှိသောစီးပွားရေးကဏ္ဍ(MBNRE)ဖြစ်ရန်အတွက် အခြေခံလိုအပ်ချက်များအား ကဏ္ဍ အသီးသီး အလိုက်အစိုးရမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် စတုတ္ထကဏ္ဍဖြစ်သည့် MBNRE ဖြစ်ပေါ်လာစေရန်အား အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများပါဝင်လာရန်မှာလွန်စွာအရေးကြီးပြီး တန်ဖိုးမြင့် ကုန်ပစ္စည်းများအား ထုတ်လုပ်လာနိုင်ရန်လည်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ကျန်ကဏ္ဍ ၃ ခုမှာ အစကတည်းက ကြီးမားသောကဏ္ဍတစ်ခုအသွင် ရှိနေပြီးဖြစ်ကြောင်း လည်းမှတ်ချက်ပြုပြောကြားခဲ့ပါသည်။ MBNRE ကဏ္ဍအား ပံပိုးပေးခြင်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးခြင်းကဲ့သို့ပင်ဖြစ်စေပြီး ၎င်း စီးပွားရေးလုပ်ငန်းများမှ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းအများစုအတွက် အကျိုးဖြစ်ထွန်း စေမည် ဖြစ်ပါကြောင်း ထပ် လောင်းပြောကြားခဲ့ပါသည်။

ဦးစားပေးလုပ်ငန်းကဏ္ဍ ၄ ရပ်ထဲမှ MBNRE ကဏ္ဍမှာ စုစုပေါင်း ပို့ကုန်တန်ဖိုးတွင် ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် မပါဝင်နေသော်လည်း အဆိုပါကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေရသူများမှာ ခက်ခဲသည့်အချိန်များတွင်လည်း ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ကြောင်း သက်သေပြနေပါကြောင်း၊ သို့ပါ၍ ပုဂ္ဂလိကကဏ္ဍမှာ အထောက်အပံ့အလွန် လိုအပ်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း PEDP 2023-2028 တွင် ဖော်ပြပါရှိပါသည်။

 

 

 

Source; https://mb.com.ph/2023/6/14/new-6-year-pedp-targets-240-b-exports-by-2028-by-bernie-cahiles-magkilat

(စီပွားရေးသံမှူး၊ မနီလာမြို့)

 

Category: Phillippines