Germany

   AGRITECHNICA  2023 အား  နိုဝင်ဘာလအတွင်း  ဂျာမနီနိုင်ငံ၊  Hanover မြို့တွင် ကျင်းပမည်ဖြစ်

Last Updated:

လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်မှုနှင့် နည်းပညာပစ္စည်းများပြပွဲ (AGRITECHNICA  2023) ကို ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်ထိ (၇) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါသည်။

AGRITECHNICA  2023 ကို German Agricultural Society (DLG e.V.) က ကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိရာ ကိုဗစ်ကာလမတိုင်မီ နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် AGRITECHNICA   2019 သို့ စိတ်ပါဝင်စားစွာဖြင့် လာရောက်လည်ပတ်သူဦးရေ (၄၅၀,၀၀၀) ခန့်ရှိခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွက် ပြပွဲခေါင်းစဉ်မှာ“Green Productivity”ဖြစ်ပြီး ယင်းပြပွဲသည် စိုက်ပျိုးရေးကဏ္ဍ တွင် ရင်ဆိုင်ကြုံတွေ့နေရသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ဆန်းသစ်တီထွင်မှုများအား တင်ဆက်ပြသသွားမည့် စက်မှုလယ်ယာကဏ္ဍဆိုင်ရာ ကမ္ဘာ့ထိပ်တန်းကုန်စည်ပြပွဲကြီး ဖြစ်ပါသည်။

AGRITECHNICA 2023 သို့  နိုင်ငံပေါင်း(၅၀)ကျော်မှ လာရောက်ပြသမည့်သူပေါင်း (၂၈၀၀) ခန့် ရှိမည်ဟုခန့်မှန်းထားကြောင်းနှင့် စိတ်ပါဝင်စားသူများအနေဖြင့် https://www.hanno-fair. events/ သို့ဝင်ရောက်၍ Logistics ကိစ္စရပ်များအား ကြိုတင်ဆောင်ရွက်နိုင်ပါကြောင်း DLG e.V. မှ စုံစမ်း သိရှိရပါသည်။

 

 

 

Source:        https://www.agritechnica.com/en/

(စီးပွားရေးသံမှူး၊ ဘာလင်)

 

Category: Germany