Germany

ဂျာမန်ခရီးသွားလာရေးကဏ္ဍသည် ကိုဗစ်-၁၉ မတိုင်မီ ကာလများ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်သို့ တဖြည်းဖြည်းရောက်ရှိ

Last Updated:

၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဂျာမနီ၌ ညအိပ်တည်းခိုနေထိုင်သူ ခရီးသွားဦးရေ ၄၀.၂သန်းခန့်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် သိသာစွာများပြားခဲ့ကြောင်း Destatis Statistics Agency က ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် အချက်အလက်များဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါကိန်းဂဏန်းအချက်အလက်သည် ယခင်နှစ်ကဝင်ရောက်ခဲ့သော ခရီးသွားဦးရေ ၃၅.၇ သန်းနှင့်နှိုင်းယှဉ်ပါက ၁၂.၄ ရာခိုင်နှုန်းခန့်ခုန်တက်နေသဖြင့် ၎င်းမှာ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ မဖြစ်ပွားမီကာလက အခြေအနေသို့ ရောက်လုနီးပါးဖြစ်နေသည်ကိုကိုယ်စားပြုဖော်ပြနေပေသည်။

ပြည်ပမှဧည့်သည်ဦးရေ ၆.၃ သန်းခန့်ဝင်ရောက်မှုရှိခဲ့သဖြင့်ယခင်နှစ်၏ အလားတူလနှင့် နှိုင်းယှဉ်ပါက ၂၈.၅ ရာခိုင်နှုန်းခန့်တိုးတက်မှုရှိလာခဲ့သည်။

သို့သော်လည်း ယင်းအခြေအနေသည် ၂၀၁၉ ခုနှစ် ကိုရိုနာဗိုင်းရပ် ကူးစက်မှုမတိုင်မီ ကာလက အဆင့်ထက် နိမ့်ကျနေဆဲဖြစ်သည်။

ယင်းသို့နိမ့်ကျနေသော်လည်း ဂျာမနီတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ အခိုင်အမာ ရှိနေသည့် အတွက် ပြည်တွင်း ခရီးသွားအရေအတွက်တိုးမြင့်လာခဲ့ပါသည်။

ဂျာမနီတွင် လာရောက်တည်းခိုသည့် ဂျာမန်လူမျိုး ဧည့်သည်ဦးရေသည်  ၃၃.၉ သန်းခန့် ရှိသဖြင့် ၉.၉ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပါသည်။

အဆိုပါကိန်းဂဏန်းများတွင် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ဂျာမနီသို့ လာရောက်ရန် ကြိုတင်ဘိုကင်ယူထားကြသူများလည်း ပါဝင်နေရာ ကပ်ရောဂါအကြိုအဆင့် ကာလဖြစ်သော၂၀၁၉ခုနှစ်၊ ဧပြီလကထက်ပင်၂.၆ ရာခိုင်နှုန်း အမှန်တကယ် ပိုများနေပါ‌သည်။

ပြည်တွင်း/ ပြည်ပခရီးသွားဦးရေကို ပေါင်းကြည့်လိုက်ပါက တည်းခိုသူအရေအတွက် စုစုပေါင်းသည် ၂၀၁၉ ခုနှစ်ကထက် ၀.၂ ရာခိုင်နှုန်းခန့်သာ လျော့နည်းခဲ့ပါသည်။

၂၀၂၂ ခုနှစ်၏ ညတွင်းချင်း ဘိုကင်များကို ၈.၅ သန်းသာရှိခဲ့သော၂၀၂၁ ခုနှစ်၏ ခရီးသွား ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက၂၀၂၂ ခုနှစ်တွင် အကြီးမားဆုံး ခုန်တက်မှုရှိနေသည်ကို သတိပြုနိုင် ပေသည်။

မဖြစ်မနေသွားရမည့် စီးပွားရေးဆိုင်ရာခရီးစဉ်များ သို့မဟုတ် အခြားသောအရေးပေါ် အခြေအနေများအတွက်သာ ခရီးသွားလာခြင်းကို ခွင့်ပြုထားခဲ့သော ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၏ ခရီးသွားဝင် ရောက်မှုမှာ ၄.၃ သန်းခန့်သာရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားနေသောကာလ တစ်လျှောက်လုံးတွင် ဘိုကင်ရရှိမှု အနည်းဆုံးဖြစ်ကြောင်း ရှုမြင်နိုင်ပေသည်။

ငွေကြေးဖောင်းပွမှုကြောင့် ဂျာမန်ပြည်သူများအနေဖြင့် ခရီးဝေးသွားမည့်အစား ပြည်တွင်း ခရီးစဉ်များကို ရွေးချယ်လာနိုင်သည်ဟု ဂျာမန်ခရီးသွားလုပ်ငန်းအဖွဲ့မှ ယခုနှစ်အစောပိုင်းက ကြိုတင် ခန့်မှန်းခဲ့မှုများနှင့် လက်ရှိရလာဒ်မှာ တူညီနေပေသည်။

မြို့ပြတွင် အပန်းဖြေအနားယူနိုင်မှုများ အထူးရေပန်းစားနေသောကြောင့် နိုင်ငံခြားမှခရီးသွားများ ဝင်ရောက်လိုမှုမှာ အကန့်အသတ်များရှိနေသော်လည်း တက်လာဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက်တွင် အချို့သော ဧည့်ခံကြိုဆိုမှုများနှင့် အစားအသောက် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို ပိတ်ရန် သို့မဟုတ် လျှော့ချရန် တွန်းအားပေးလာမှုကြောင့် ကျွမ်းကျင်လုပ်သားများ ရှားပါးလာနိုင်မှုအပေါ် စိုးရိမ်မိကြောင်း ခရီးသွားလုပ်ငန်းများက ထုတ်ဖော်ပြော ကြားခဲ့သည်။

စစ်တမ်းပါ ကိန်းဂဏန်းအချက်အလက်များတွင် ဟိုတယ်များ၊ တည်းခိုခန်းများ၊ တိုက်ခန်း များ၊ ယာယီခရီးသွားစခန်းများနှင့် အခြားသော ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်မှုရှိသည့် အနည်းဆုံး ကုတင်(၁၀)လုံးဆန့် နေရာထိုင်ခင်း (သို့မဟုတ်) ဧည့်သည်များအတွက် ကားရပ်နားရန်နေရာများ ပါဝင်နေကြောင်း သိရှိရပါသည်။

 

 

 

 

 

 

 

 

Source:   https://www.dw.com/en/german-travel-accommodation-sector-is-close-to-pre-covid-levels/a-65898684

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany