Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကာကွယ်ထိန်းသိမ်းရမည့် သစ်များ တင်ပို့မှုအပေါ် တားမြစ်ထား

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကျွန်းသစ်၊ ပြုပြင်ထားသော သစ်သား၊ သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများနှင့် ဖယောင်း (Siamese Rosewood) တင်သွင်းရာတွင် တင်သွင်းခွင့်လက်မှတ်ကိုင်ဆောင်ထားခြင်း မရှိသော ကုန်သည်များအား တင်သွင်းခွင့်တားမြစ်သည့် လုပ်ထုံးလုပ်နည်း ၂ ချက်ကိုထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ယင်း လုပ်ထုံးလုပ်နည်း ၂ ချက်တွင် ပထမတစ်ချက်သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် စတင် အသက်ဝင်မည် ဖြစ်ပြီး ဒုတိယတစ်ချက်သည် ဩဂုတ်လ ၁၆ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း၊ ကျွန်းသစ်လုံးများကို အကောက်ခွန် စစ်ဆေးရေးဂိတ်များဖြစ်သည့် တက်ခ်၊ ကတ်ချနာ ပူရီနှင့် မဲ့ဟုန်စုံခရိုင်တို့မှ တင်သွင်းခြင်းကိုလည်းကောင်း၊ ပြုပြင်ပြီးသစ်များ တင်သွင်းခြင်းကိုမဲ့ဟုန်စုံ စစ်ဆေးရေးဂိတ်မှ တင်သွင်းခြင်းကိုလည်းကောင်း၊  ကမ္ဘောဒီးယားနှင့် လာအိုတို့ မှ ဖယောင်းတုံးများ၊ ပြုပြင်ပြီးဖယောင်းများနှင့် ဖယောင်းရှေးဟောင်းပစ္စည်းများတင်သွင်းခြင်းကိုလည်းကောင်း တားမြစ်ခြင်းဖြစ်ကြောင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat က ရှင်းလင်းပြောကြားပါသည်။

သို့သော် ကန့်သတ်ပစ္စည်းစာရင်းတွင် မပါဝင်သည့် ကျွန်းသစ်တုံးများ၊ ပြုပြင်ပြီးသစ်နှင့် သစ်သားဖြင့်ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများကို ပင်ရင်းဒေသသက်သေခံလက်မှတ် သို့မဟုတ် တင်ပို့ခွင့် အထောက်အထားများပြသ၍ တင်သွင်းနိုင်ကြောင်း၊ ဖယောင်းတုံးများ အပါအဝင် ဖယောင်းပစ္စည်းများ အားလုံးကို တင်ပို့ခွင့် တားမြစ်ထားပါကြောင်း၊ ကျွန်သစ်လုံးများ၊ ပြုပြင်ပြီးသစ်များ၊ တားမြစ်စာရင်းတွင် မပါဝင်သော ပစ္စည်းများကိုတင်ပို့နိုင်ကြောင်း၊ သစ်သားဖြင့် ပြုလုပ်ထားသော ရှေးဟောင်းပစ္စည်းများ၊ ပို့ကုန်အဖြစ် ရည်ရွယ်သည့် မီးသွေးများနှင့် ရာဘာသစ် များကို ခွင့်ပြုချက်နှင့်အညီ တင်ပို့နိုင်ကြောင်း ဆက်လက်ရှင်းလင်းပါသည်။

 ပို့ကုန်ခွင့်ပြုချက်များအတွက် တော်ဝင်သစ်တောဦးစီးဌာနက တာဝန်ယူဆောင်ရွက် ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ ယခင်နှစ်က ထိုင်းနိုင်ငံ၏ သစ်နှင့် သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ဘတ် ၁၀၄ ဘီလီယံဖြစ်ကြောင်း၊ ယခုနှစ် ၄ လပတ်အတွင်း ဘတ် ၃၆.၄ ဘီလီယံ တင်ပို့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအားကိုးကား၍  Mr. Rannaron က ပြောကြားခဲ့ပါသည်။

 

 

 Source: www.bangkokpost.gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

         

Category: Thailand