Phillippines

ဗြိတိန်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ၂၀၂၄ ခုနှစ် အတွင်း ဆောင်ရွက်သွားလိုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်အစိုးရထံသို့အဆိုပြုတင်ပြ

Last Updated:

ဗြိတိန်ကုန်သည်လုပ်ငန်းရှင်များအသင်း(The British Chamber of Commerce of the Philippines- BCCI) မှ ၂၀၂၄ ခုနှစ်အတွင်း ဗြိတိန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်သွား နိုင်ရေးနှင့်အခြားပူးပေါင်းဆောင်ရွက်သွားလိုသည့် ကိစ္စများနှင့်စပ်လျဉ်း၍ အဆိုပြုတင်ပြခဲ့ပါသည်။ ဦးစားပေးအနေဖြင့်ဖိလစ်ပိုင်နိုင်ငံသို့ ဆန်၊ ပြောင်း၊ ဝက်သားတင်သွင်းခြင်းတို့အတွက် အကောက် ခွန် သက်သာခွင့်ပေးအပ်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၁၀) သည် ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သဖြင့် အဆိုပါအမိန့်ကြော်ငြာစာအား အနည်းဆုံး နောက်ထပ် တစ်နှစ် သက်တမ်းတိုးရန်ရှိ/မရှိကို ဗြိတိန်စီးပွားရေးအုပ်စုများမှ သိရှိလိုပါကြောင်း BCCI အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Chris Nelson မှပြောကြားခဲ့ပါသည်။

အဆိုပါအမိန့်ကြော်ငြာစာအရ ဗြိတိန်နိုင်ငံမှ အသားတင်ပို့သူကုန်သည်များအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ ဝက်သားတင်ပို့သည့် နိုင်ငံများအနက် တရုတ်နိုင်ငံ၏နောက် ဒုတိယတင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါသည်။ အဆိုပါ အမိန့်ကြော်ငြာစာသည် ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် Retail Trade Liberalilzation Act, Foreign Investments Act, Public Service Act တို့ကိုတိုင်းပြည်၏စီးပွားရေးတိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရန်ဖြေလျှော့ပေးသည့်အနေဖြင့် ပြင်ဆင်ရေးဆွဲခဲ့ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တစ်နိုင်ငံတည်း သီးသန့်လုပ်ကိုင်နေခြင်းမရှိသည့်အပြင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအကြား ယှဉ်ပြိုင်နိုင်စွမ်းရှိနေပါကြောင်း ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းသကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူအဆင်ပြေစေရေး (Ease of Doing Business) ရှိစေရန်အတွက်လည်း မလိုလားအပ်သည့် ကြိုးနီစနစ်များကို ဖယ်ရှားသင့်သည်ဟုအကြံပြု လိုပါကြောင်း၊ BCCI အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင်း ဒီဂျစ်တယ်စနစ်ပိုမို အရှိန်အဟုန်မြှင့်တင်စေလိုပါကြောင်းနှင့် အဆိုပါကဏ္ဍတွင် လုပ်ငန်းအဆင်ပြေချောမွေ့စေရေး (Ease of Doing Business)  အတွက် ဆောင်ရွက်ပေးစေလိုပါကြောင်း အဆိုပြုတင်ပြခဲ့သည်။

ထို့ပြင်  BCCI ၏ အဆိုပြုတင်ပြချက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍပိုမိုခိုင်မာအား ကောင်းလာစေရန်အတွက်လည်း Anti-Agricultural Smugglig Act အတိုင်းလိုက်နာ ဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ရပ်တည်၍ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြင့်ရေးဆောင် ရွက်သွားမည်ဖြစ်ပါသည်။ နောက်ထပ်ထပ်မံတင်ပြသည့် အဆိုပြုချက်မှာ ဗြိတိန်-ဖိလစ်ပိုင် နှစ်နိုင်ငံကြား ကုန်သွယ်မှုတိုးမြှင့်ရန် လိုအပ်သည့် ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပိုမိုထိရောက်မှုရှိစေရန်၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဗြိတိန်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်လည်း လိုအပ်သည်များ ကူညီပံ့ပိုးပေးသွားရန်၊အခြေခံ အဆောက် အအုံ စီမံကိန်းများတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သွားရန်နှင့် နောက်ဆုံးအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဆုံချက်ဗဟို အဖြစ်ရှိစေရေး ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

Source; https://www.pna.gov.ph/articles/1215425

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines