Vietnam

ဗီယက်နမ်နိုင်ငံရှိ လျှပ်စစ်ကားထုတ်လုပ်သည့် Vin Fast စက်ရုံသို့ အင်ဒိုနီးရှားသမ္မတ သွားရောက် လေ့လာ

Last Updated:

အင်ဒိုနီးရှားသမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းဆိပ်ကမ်းမြို့ ဟိုင်ဖုံရှိ VinFast ၏ EV လျှပ်စစ်ကား ထုတ်လုပ်သည့် စက်ရုံသို့ ကွင်းဆင်းလေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပြီး အင်ဒိုနီးရှားတွင် ဗီယက်နမ် ကားထုတ်လုပ်သူ၏ ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူချောမွေ့စေမည်ဟု ကတိပြုခဲ့သည်။

မစ္စတာ ဝီဒိုဒိုသည် ဗီယက်နမ်အမှတ်တံဆိပ်များဖြစ်သည့် VF5 ၊ VF7 နှင့် VF9 ကဲ့သို့သော ပရီမီယံလျှပ်စစ်ကားမော်ဒယ်များကို လေ့လာခဲ့ကြောင်း၊ VinFast အား အင်ဒိုနီးရှားဈေးကွက်တွင် ရင်းနှီး မြှုပ်နှံမှုရန် ကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

VinFast အနေဖြင့် အင်ဒိုနီးရှားတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ရေရှည်ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားကြောင်း၊ Vinfast ကားများဖြန့်ဖြူးရောင်းချခြင်းအပြင် တစ်နှစ်လျှင် ကားအစီးရေ ၃၀,၀၀၀ မှ ၅၀,၀၀၀ ထုတ်လုပ်နိုင်မည့် Vinfast ကားထုတ်လုပ်သည့် စက်ရုံတစ်ခု အားအင်ဒိုနီးရှားတွင် ဖွင့်လှစ်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိသည်။

စက်ရုံသို့ သွားရောက်လေ့လာခြင်းမပြုမီ မစ္စတာ ဝီဒိုဒိုနှင့် ၀န်ကြီးချုပ် ဖန်မင်းချင်တို့သည် VinFast နှင့် GSM အပါအဝင် နှစ်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများ ပူးပေါင်းထုတ်လုပ်မှု ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

VinFast နှင့် GSM တို့သည် ထိပ်တန်းအင်ဒိုနီးရှား နည်းပညာကုမ္ပဏီဖြစ်သည့် Gojek ပိုင်ရှင်ဖြစ်သည့် PT GoTo Gojek Tokopedia Tbk နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source : The Sigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam