China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အာဖရိကနှင့် ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်-အာဖရိက စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ တိုးမြှင့်နိုင်ရေးအတွက် ရှေ့ဆောင်လမ်းပြဇုန်တစ်ခု တည်ဆောက်မည့် အထွေထွေ အစီအစဉ်တစ်ရပ်အား နိုင်ငံတော်ကောင်စီက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစီအစဉ်အရ အကောင်အထည်ဖော်စဉ်ကာလအတွင်း တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်မှုဖိုရမ်ဆိုင်ရာ မူဘောင်အောက်မှ လက်တွေ့ကျသော အစီအမံများဆောင်ရွက်ရာတွင် နှစ်နိုင်ငံအဖွဲ့ဝင်များသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ ပေါင်းစပ်ညှိနှိုင်းမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စွာလည်ပတ်နိုင်ရန် တီထွင်ဖန်တီးမှုနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စက်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက်မြှင့်တင်ရေးတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်သွယ်ရေး၊ စက်မှုလက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပိုမိုညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လည်း အလေးပေးဖော်ပြခဲ့ကြောင်း၊ Belt and Road ပူးပေါင်းဆောင်ရွက်မှုမှ အရည်အသွေးမြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် အနာဂတ်ကာလတွင် အဆင့်မြင့် တရုတ်-အာဖရိက အသိုက်အဝန်းတည်ဆောက်ရေး ပိုမိုကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

 

Source: China to boost trade, economic cooperation with Africa - People's Daily Online

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)     

Category: China(Beijing)