China(Beijing)

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်းတင်သွင်းမှုနှင့် ပို့ကုန်သည် ၂၀၂၃ ခုနှစ်တွင် ယွမ်သတ်မှတ်ချက်အားဖြင့် ယခင်နှစ်ကာလတူထက် ၀.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အချက်အလက် ဖော်ပြချက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယွမ် ၄၁.၇၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၈၇ ထရီလီယံခန့်) ရှိကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GAC) ၏ အဆိုအရ သိရှိရပါသည်။

ပို့ကုန်မှာ ယခင်နှစ်ကာလတူထက် ၀.၆ ရာခိုင်နှုန်း တိုးလာကာ ယွမ် ၂၃.၇၇ ထရီလီယံ ရှိကြောင်း၊ သွင်းကုန်မှာ ယခင်နှစ်ကထက် ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယွမ်အားဖြင့် ၁၇.၉၉ ထရီလီယံသို့ကျဆင်းခဲ့ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

၂၀၂၃ခုနှစ်တွင် ဆိုလာဘက်ထရီများ၊ lithium-ion ဘက်ထရီများနှင့် လျှပ်စစ်ကားများဖြစ်သည့် အစိမ်းရောင်နည်းပညာ စွမ်းအင်သုံးပစ္စည်းများ တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် ၂၉.၉ ရာခိုင်နှုန်း၊ ယွမ် ၁.၀၆ ထရီလီယံသို့ တိုးမြင့်လာခဲ့ကြောင်း၊ ယင်းပမာဏသည် ယွမ်တစ်ထရီလီယံပမာဏသို့ ရောက်ရှိခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GAC) ၏ ပြောကြားချက်အရသိရှိရပါသည်။

 

 

Source: China's foreign trade up 0.2 pct in 2023 - People's Daily Online

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)      

Category: China(Beijing)