Vietnam

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် နှစ်သစ်ကူး ကာလအတွင်း ခရီးသည် ၆၅၃,၀၀၀ အားကြိုဆို

Last Updated:

ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိ ခုနစ်ရက်ကြာမြင့်သည့် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်သို့ နိုင်ငံခြားသား ၁၀၃,၀၀၀  အပါအဝင် လာရောက်လည်ပတ်သူ ၆၅၃,၀၀၀ ခန့်ရှိပြီး၊ ယခင်နှစ် အလားတူကာလထက် ၂.၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁.၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဗီယက်နမ်နိုင်ငံ ခရီးသွားလာရေးဌာနခွဲ၏ အဆိုအရ သိရှိရပါသည်။

ခရီးသွားလုပ်ငန်းများမှ စုစုပေါင်း၀င်ငွေမှာ ဗီယက်နမ်ဒေါင် ၂.၃၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၂၁ သန်း) ရှိပြီး ယခင်နှစ် အလားတူကာလထက် ၃၅.၁ ရာခိုင်နှုန်းတိုးလာကြောင်း အဆိုပါဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်အများစုမှာ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနှင့် ဂျပန်တို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံရှိ ထင်ရှားကျော်ကြားသော နေရာများမှ ခရီးသွားဧည်သည့်များကို ဆွဲဆောင်ခဲ့ကြောင်း၊ Huong Son ရုပ်ပွားတော်နှင့် ရှုခင်းတွင် ဧည်သည့် ၈၀၆၀၀ ကြိုဆိုခဲ့ပြီး၊ Van Mieu စာပေဗိမာန်တွင် ခရီးသွား ၁၀၆,၀၀၀ နှင့် Thaong Long Imperial Citadel တွင် ခရီးသွား ၄၈,၇၀၀ လာရောက်ခဲ့ကြောင်းဖော်ပြထားသည်။

Dang Huong Giang ဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ၏ ပြောကြားချက်အရ ဒေသဆိုင်ရာ ခရီးစဉ်များတွင် အခြေခံ အဆောက်အအုံစနစ် မြှင့်တင်ရန်နှင့် ခရီးသွားဧည့်သည်များ၏ လုံခြုံရေးနှင့် သန့်ရှင်းရေးအတွက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခရီးသွားဧည့်သည်များအားအကောင်းဆုံးဝန်ဆောင်မှုများပေးဆောင်နိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam