Phillippines

ဖိလစ်ပိုင်နိုင်ငံသမ္မတ Bongbong Marcos Jr. မှ သကြားထပ်မံတင်သွင်းရန်ခွင့်ပြု

Last Updated:

Sugar Regulatory Administration’s (SRA) ၏ ထောက်ခံတင်ပြချက်နှင့်အညီ ပြည်တွင်း သကြားဈေးကွက်တွင် သကြားလက်ကျန် တိုးမြင့်စေရန်နှင့် သကြားဈေးတည်ငြိမ်စေရန်ရည်ရွယ်၍ ဖိလစ်ပိုင်နိုင်ငံသမ္မတ Bongbong Marcos Jr. မှ သကြားတန်ချိန် မက်ထရစ်တန် ၁၅၀,၀၀၀ ထက်မကျော်စေပဲထပ်မံတင်သွင်းစေရန် Presidential Communications Office(PCO)အစည်းအဝေးတွင် သဘောတူခွင့်ပြုခဲ့ပါသည်။ ယခုလာမည့် မေလကုန်တွင်တင်သွင်းခွင့်ပြုမိန့်တန်ချိန် ပမာဏအတိအကျ အား ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သမ္မတမှ ထပ်လောင်းပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် သကြားတင်သွင်းခွင့်အား သကြားကုန်သည်ကြီးများအားလုံးအတွက် လွတ်လပ်စွာတင်သွင်းခွင့်ပေးထားကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်တွင် သကြားလက်ကျန်ပမာဏ ၅၅၂,၈၃၅ မက်ထရစ်တန် လိုအပ်ချက်ရှိနေမည်ဖြစ်သဖြင့် ကြံရာသီချိန်ကုန်ဆုံးချိန်တွင် သကြားမက်ထရစ်တန် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ကြားတင်သွင်းမှသာ သကြားလိုအပ်ချက်အား ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း၊ ၇-၅-၂၀၂၃ ရက်နေ့ရှိ သကြား လက်ကျန်မှာ ၁၆၀,၀၀၀ မက်ထရစ်တန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

သို့သော် ၂၀၂၃ခုနှစ်အတွက် သကြား မက်ထရစ်တန် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ထိ တင်သွင်းရန် ထပ်မံလိုအပ်နေပါကြောင်း၊ ပြည်တွင်းသကြားထုတ်လုပ်မှုမှာ ၂.၄ သန်း မက်ထရစ်တန် လျာထားပြီး SO No.6, s.2022-2023 (ပူးတွဲ) အရ သကြား ၄၄၀,၀၀၀ မက်ထရစ်တန်နှင့် Minimum Access Volume (MAV) အရ သကြား ၆၄,၀၅၀ မက်ထရစ်တန်တို့အား တင်သွင်းရန်ခွင့်ပြုခဲ့ပါသော်လည်း သကြားဝယ်လိုအား မက်ထရစ်တန် ၃.၁ သန်းအထိ မပြည့်မီခဲ့ပါကြောင်း ဖော်ပြထားပါသည်။

SO No.6, s. 2022-2023 အရ သကြား (Raw Sugar) မှာ လက်ရှိပျမ်းမျှပေါက်ဈေး တောင်သူ တိုက်ရိုက်ဈေးနှုန်း တစ်ကီလိုလျှင် ပီဆို-၆၂ ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့သဖြင့် အမြတ်ရရှိခဲ့သည့်အတွက် သကြားတောင်သူများမှာ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြကြောင်း Presidential Communications Office (PCO) အစည်အဝေးတွင်  SRA ,CEO Azcona မှ သမ္မတထံသို့ တင်ပြခဲ့ပါသည်။

၂၀၂၁-၂၀၂၂ တောင်သူတိုက်ရိုက်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၃၈ ပီဆိုဖြစ်သဖြင့် ဈေးမြင့်တက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ စက်တင်ဘာလအထိ သကြားထုတ်လုပ်သည့် ရာသီမှစတင်၍ သကြားထုတ်လုပ်မှုအား အနည်းဆုံး ၁၀ ရာခိုင်နှုန်းတိုးမြှင့်ရန် သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

ကြံရိုးအနုများမှ သကြားထုတ်လုပ်ခြင်းအား လျှော့ချခြင်းဖြင့် သကြားထုတ်လုပ်သည့် ရာသီအဖွင့် စက်တင်ဘာလတွင် သကြား (Raw Sugar) တိုးမြှင့်ထုတ်လုပ်ရန် Azcona မှ ပြောကြားခဲ့ပါသည်။ ထပ်မံ၍ထုတ်လုပ်မှုတိုးစေရန် Block Farming Initiatives အား အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်ရန် President Communication Office (PCO)မှ ညွှန်ကြားခဲ့ပါသည်။

Block Farming ဆိုသည်မှာ လယ်ကွက်အသေးလေးများစုပေါင်းပြီး အနည်းဆုံး ၃၀ ဟက်တာ ရှိစိုက်ပျိုးနိုင်သည့် လယ်ကွက်အကြီးဖြစ်စေသည့် စနစ်တစ်ခုဖြစ်ပြီးလက်ရှိတွင် တစ်ခုလျှင်၄၀ဟက်တာ ပျမ်းမျှရှိသည့် Block Farms (၂၁) ခုရှိကြောင်း ဖော်ပြပါရှိပါသည်။ Block Farms စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် အစိုးရ၏ငွေကြေးထောက်ပံ့မှုနှင့် စက်ပစ္စည်းထောက်ပံ့မှုများရရှိရန် အကျုံးဝင်သည့်အတွက် ထုတ်လုပ်မှုတိုးမြင့်ရန် အထောက်အကူ ဖြစ်စေပါသည်။

 

 

 

Source: https://newsinfo.inquirer.net/1769363/bongbong-marcos-oks-additional-sugar-importation#ixzz81mtPa7pt

Related story: https://newsinfo.inquirer.net/1733101/sugar-imports-ahead-of-sra-order-questioned

Related story:https://newsinfo.inquirer.net/1731480/sugar-imports-to-sabotage-local-industry-says-solon

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: Phillippines