China(Nanning)

တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် သစ်သီးရောင်းဝယ်မှု တိုးတက်လာ

Last Updated:

မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံ တင်သွင်းမှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀.၆၈) ဘီလီယံရှိပြီး နိုင်ငံ၏ သစ်သီးတင်သွင်းမှု စုစုပေါင်း၏ (၆၀) ရာခိုင်နှုန်းနီးပါးရှိကြောင်း ကွမ်ကျိုးမြို့တွင် (၁၀-၅-၂၀၂၄) ရက်နေ့က ကျင်းပခဲ့သည့်လန်ချန်း-မဲခေါင်သစ်သီးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန၏ အကြီးအကဲ Guo Libin က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများမှ ဒူးရင်းသီး၊ သရက်သီး၊ ငှက်ပျောသီး၊ လောင်ဂန်သီး၊ မင်းဂွတ်သီး၊ အုန်းသီးနှင့် အခြားအသီးအနှံများသည် တရုတ်စားသုံးသူများကြားတွင် ရေပန်းစားလျက်ရှိကြောင်း၊ အလားတူ တရုတ်ဆီးသီး၊ တည်သီး၊ သစ်တော်သီး၊ သလဲသီးနှင့် သခွားမွှေးသီးများသည် အရှေ့တောင်အာရှဈေးကွက်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရှိရပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးနောက် တရုတ်နှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနက်ရှိုင်းလာကာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ အပါ အဝင် လယ်ယာထွက်ကုန်များ ကုန်သွယ်မှုမှာ အဆက်မပြတ် တိုးတက်လာသည်ဟု Guo မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်-လာအိုရထားလမ်းကြောင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ သစ်သီးဝလံများသည် တရုတ်နိုင်ငံသို့ လျင်မြန်စွာ ရောက်ရှိနိုင်ပြီး စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်လာစေကြောင်း Guo က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

 

Source: https://english.news.cn/20240511/3cc4ef5cd7d046eeab339add204033b5/c. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)