Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်အား ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး ကြိုးပမ်းသွားရန် သမ္မတမားကို့စ်မှ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့မှာကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးအား ကမ္ဘာ့အလယ်တွင် အကောင်းဆုံးဖြစ်စေနိုင်ရေးအတွက် ပို့ကုန်ကဏ္ဍအားယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရန် သမ္မတမားကို့စ်မှ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ကမှာကြား ပြောကြားခဲ့ ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ပို့ကုန်တင်ပို့နိုင်ရန်နှင့် သွင်းကုန်တင်သွင်းရန်ဟူသော ပန်းတိုင်ချမှတ်ရုံတင်မဟုတ်ပဲ အခြေခံအားဖြင့်လိုအပ်သည့် ပြင်ဆင်ရန်လိုအပ်နေသော ဥပဒေများအား ပြင်ဆင်ခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကိုလည်း  အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်မှာလည်း အရေးကြီးပြီးသို့မှသာ ဈေးကွက်ယှဉ်ပြိုင်စွမ်းအားမြင့်မားလာမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်မှုနှင့်စက်မှုဝန်ကြီးဌာနမှ နိုင်ငံတကာကုန်သွယ်မှုဖိုရမ်တွင် ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် ပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပို့ကုန်လုပ်ငန်းရှင်များအား နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်ထောက်ပံ့ပေးသွားရန်နှင့်ကမ္ဘာတစ်ဝှမ်းရှိ ကုန်ပစ္စည်းရောင်းချသူများသာမက စားသုံးသူများဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ကုန်သွယ်မှုသဘောတူညီချက်များအား အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ကုန်သွယ်ရေးခိုင်မာအားကောင်းစေနိုင်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့်ကိုရီးယားနိုင်ငံနှင့် မကြာမီ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အားလက်မှတ်ရေးထိုးသွားရန်ရှိပြီး အီးယူနှင့် အမေရိကန်တို့နှင့်လည်း လွတ်လပ်သောကုန်သွယ်‌ရေးသဘောတူညီချက်များ လုပ်ဆောင်နိုင်ရေးဆောင်ရွက်နေပါကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။ အကြောင်းမှာဖိလစ်ပိုင်နိုင်ငံအနေဖြင့်အဆိုပါနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြင့်လာစေရန်ရည်ရွယ်ပြီး ပို့ကုန်၊သွင်းကုန် အပြန်အလှန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) တွင် ၂၀၂၃ ခုနှစ် ဇွန်လတွင် အာဏာသက်ဝင်လာခဲ့ပြီး အမျိုးသားပို့ကုန်လုပ်ငန်းစဉ်အတွက် ထူးခြားသောသမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါကြောင်း၊ RCEP တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့နိုင်သည့် ဈေးကွက်ချဲ့ထွင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံ၏စီးပွားရေးအဆင့်မြှင့်တင်ခြင်းအား အလေးထားဆောင်ရွက်နိုင်ခဲ့ခြင်း သာမကနိုင်ငံတကာဈေးကွက်များတွင်လည် ယှဉ်ပြိုင်နိုင်စွမ်းအား မြင့်မားလာမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ထပ်လောင်းပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် အရေးပါလှသော ကုန်သွယ်ရေးသဘောတူညီချက်များနှင့် ဦးစားပေး အစီအစဉ်များအား ထိရောက်စွာအသုံးချနိုင်ပါက အီးယူနှင့် အမေရိကန်အပါအဝင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသော ဒေသတစ်ခုချင်းစီနှင့်လည်း ကုန်သွယ်မှုဆက်ဆံရေးအား ဆက်လက်ထိန်းသိမ်းသွားရန်လည်း လိုအပ်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် RCEP အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုကြီးမားသည့် ဈေးကွက်အခွင့်အလမ်းများ၊ ဒေသတွင်းကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက် လျှင်မြန်စွာဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပိုမိုဆွဲဆောင်လာနိုင်ခြင်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ဒေသတွင်းကုန်သွယ်မှုတွင်ပါဝင်လာနိုင်ရေး အလွယ်တကူဆွဲခေါ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

 

Source;https://www.manilatimes.net/2023/06/15/news/marcos-orders-dti-to-bring-up-gamemake-ph exportcompetitive/1896204?utm_source=izooto&utm_medium=push_ notifications&utm_campaign=Marcos%20orders%20DTI%20to%20%27bring% 20up% 20game, %27%20make%20PH%20export%20competitive%20|%20The%20Manila%20Times

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

 

Category: Phillippines