China(Nanning)

တရုတ်နိုင်ငံ၏ ပဲပုပ်တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း (၁၅)ရာခိုင်နှုန်း မြင့်တက်လာခဲ့

Last Updated:

တရုတ်နိုင်ငံသည် ယခုနှစ် ပထမ (၇) လအတွင်း ပဲပုပ်တန်ချိန် (၆၂.၃)သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် (၁၅) ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ သိရှိရပါသည်။

ဇူလိုင်တစ်လတည်း၌ပင် တရုတ်နိုင်ငံ၏ ပဲပုပ်တင်သွင်းမှုသည် တန်ချိန် (၉.၇၃) သန်းရှိခဲ့ရာ ဇွန်လက တင်သွင်းခဲ့သည့် တန်ချိန် (၁၀.၂၇) သန်းထက် အနည်းငယ် ကျဆင်းသွားခဲ့သော်လည်း ယခင်နှစ်အလားတူကာလက တင်သွင်းခဲ့သည့် တန်ချိန် (၇.၈၈) သန်းထက် ပိုများခဲ့ကြောင်း အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

တင်သွင်းသည့် ပဲပုတ်တစ်တန်၏ ဈေးနှုန်းသည် ယခင်နှစ်ထက် (၁.၃) ရာခိုင်နှုန်း တိုးလာ ပြီး (၄,၃၃၄.၆) ယွမ် (အမေရိကန်ဒေါ်လာ ၆၀၅.၃၉ ခန့်) ရှိခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာပေါ်တွင် ပဲပုတ်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ယခင်နှစ်က ပဲပုတ်တန်ချိန် စုစုပေါင်း (၉၁.၀၈) သန်း တင်သွင်းခဲ့ကြောင်း၊ တင်သွင်းလာသည့် ပဲပုတ်များကို ကြိတ်ခွဲ၍ တိရစ္ဆာန်အစာအတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: www.chinadaily.com.cn/a/202308/13/WS64d87121a31035260b81bd07.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)