Vietnam

၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်အုပ်စု ၇ ခုမှတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ အထိ ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းရုံး၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း ကုန်ပစ္စည်း ၇ ခုမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရရှိခဲ့ကြောင်း VGP အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါ ကုန်ပစ္စည်းများတွင် ကွန်ပျူတာ၊ အီလက်ထရွန်းနစ်နှင့် အပိုပစ္စည်းမှ (အမေရိကန်ဒေါ်လာ ၅၇.၃၄ ဘီလီယံ)၊ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများမှ (အမေရိကန်ဒေါ်လာ ၅၃.၁၉ ဘီလီယံ)၊ စက်များ၊ စက်ကိရိယာများနှင့် ကိရိယာများမှ (အမေရိကန်ဒေါ်လာ ၄၃.၁၈ ဘီလီယံ)၊ အဝတ်အထည် (အမေရိကန်ဒေါ်လာ ၃၃.၂၃ ဘီလီယံ)၊ ဖိနပ်များတင်ပို့ခြင်းမှ (အမေရိကန်ဒေါ်လာ ၂၀.၃၇ ဘီလီယံ)၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများတင်ပို့ခြင်းမှ (အမေရိကန်ဒေါ်လာ ၁၃.၇၄ ဘီလီယံ)၊ ကျွန်းသစ်များမှ (အမေရိကန်ဒေါ်လာ ၁၃.၄၂ ဘီလီယံ) အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် ကုန်ပစ္စည်း ၃၅ ခု တင်ပို့ရာတွင် ကုန်ပစ္စည်း တစ်ခုစီမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိကြောင်း၊ အဆိုပါပစ္စည်းများ ပေါင်းစပ်ပို့ကုန်တန်ဖိုးမှာ နိုင်ငံ၏ ပို့ကုန်စုစုပေါင်း၏ ၉၃.၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ဖော်ပြထားသည်။

စာရင်းရုံး၏ အဆိုအရ ကျန်ကမ္ဘာ့နိုင်ငံများနှင့် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၈၃ ဘီလီယံရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကိန်းဂဏန်းများအရ ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၃၅၅ ဒသမ ၅ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ နိုင်ငံသည် တစ်နှစ်တာအတွက် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၈.၅၃ ဘီလီယံ ဖြင့်စံချိန်တင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source: VGP

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam