Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာဆိုင်ရာ လုပ်ငန်းဆောင်ရွက်နိုင်မှု လွယ်ကူရေး အစီအစဉ်သည် အာရှဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် ဖြစ်ကြောင်း သမ္မတမားကို့စ်ပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာဆိုင်ရာလုပ်ငန်းဆောင်ရွက်နိုင်မှု လွယ်ကူရေးအစီအစဉ်သည် ဖိလစ်ပိုင်နိုင်ငံအား အာရှဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်၊ အလားအလာရှိသော ရင်းနှီမြှုပ်နှံသူများ လျော့နည်းသွားစေနိုင်သည့် အစိုးရဌာနများ၏ ရှုပ်ထွေးများပြားသည့် လုပ်ငန်းစဉ်များအား လျှော့ချပေးနိုင်ရန်၊ ဖိလစ်ပိုင်နိုင်ငံအား ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရန် ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရဌာနများတွင်  Green Lanes နှင့် One Stop Action Center များ ထားရှိသွားရန် ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် Constituting Green Lanes for Strategic Investments အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ၅ လခန့်ကြာပြီးနောက် အကောင်အထည်ဖော်ဆောင် ရွက်မည့်အစီအစဉ်အား သမ္မတမားကို့စ်မှ ထုတ်ပြန်ကြော်ငြာခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကဏ္ဍအသီးသီးတွင် ရင်းနှီးမြှုပ်နှံမည့်သူများ၏ တောင်းဆိုလိုလားချက်များအား ဦးစွာနားထောင်ခဲ့ပြီး ၎င်းတို့ထံမှ ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအား ပိုမိုတိုးတက်စေရန်အတွက် လိုအပ်ချက်များအား သိရှိခဲ့ရသည့်အတွက် ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း သမ္မတမားကို့စ်မှ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုအစီအစဉ်သည် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက် ကြုံတွေ့နိုင်သည့် အခက်အခဲများအတွက် ဖြေလျှော့ပေးနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ ရှုပ်ထွေးများပြားလှသည့် လုပ်ငန်းစဉ်များသည် လုပ်ငန်းနှောင့်နှေးကြန့် ကြာမှုများနှင့် အဂတိလိုက်စားမှုများအတွက် လမ်းဖွင့်ပေးသကဲ့သို့ဖြစ်စေနိုင်ပြီး ဆုံးရှုံးမှုများဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် အရေးကြီးဆောင်ရွက်လိုသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် ရိုးရှင်းလွယ်ကူစေသည့် နည်းလမ်းများအား ရှာဖွေဆောင်ရွက်သွားနိုင်ရန်၊ ဌာနတစ်ခုသို့ စုံစမ်းသွားရောက်ရာတွင် အဆိုပါဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်ဖြင့်တွေ့ဆုံရုံနှင့် လုပ်ငန်းအတွက် လိုအပ်သည်များအား နားလည်သွားပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သိရှိသွားသည်အထိ လွယ်ကူရိုးရှင်း စေရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

သမ္မတမားကို့စ်လက်ထက်တွင် ထုတ်ပြန်ထားသည့် လူမှု-စီးပွားဆိုင်ရာ စီးပွားရေးပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် Public Service Act, Foreign Investment Act နှင့်  Retail Trade Liberalization Law တို့အား ပြင်ဆင်သွားရန်အတွက်လည်း အရွေ့တစ်ခုဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းလိုင်စင်ထုတ်ပေးသည့် လုပ်ငန်းစဉ်အတွက် ပြင်ဆင်ဆောင်ရွက်ရာတွင် တိုက်ရိုက်ယှဉ်ပြိုင် ရမည့်နိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားတို့ထက် ပိုမိုကောင်းမွန်စေသည့် မူဘောင်များထည့်သွင်းရေးဆွဲသွားရန်မှာလည်း အရေးကြီးကြောင်း Anti-Red Tape Authority မှ ပြောကြားခဲ့ပါသည်။

အချို့သောရင်းနှီးမြှုပ်နှံမှုများအတွက် ခွင့်ပြုမိန့်ပေးရန်ဆောင်ရွက်ရာတွင် အခြားနိုင်ငံများက ရက်သတ္တပတ် (၂)ပတ်ခန့်ဖြင့် ပြီးစီးအောင်ဆောင်ရွက်ပေးနိုင်စဉ် မိမိတို့အနေဖြင့် ၃၆ လခန့်ထိ ကြာမှ ခွင့်ပြုမိန့်ပေးနိုင်ခြင်းများ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း များအတွက် လုပ်ငန်းတည်ထောင်ခွင့်ပြုမိန့် လုပ်ငန်းစဉ်အား ရက်ပေါင်း (၈၀) ယူပြီး ဆောင်ရွက်နေမှုအစား ရက်ပေါင်း (၂၀)ဖြင့် အပြီးဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ အချို့သောအိမ်နီးချင်းနိုင်ငံများ တွင် (၃)ရက်ဖြင့် အပြီးအစီးဆောင်ရွက်ပေးနိုင်ပြီဖြစ်၍ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အလွန်ဝေးကွာသည့် အနေအထားတွက် ကျန်ရှိနေသည့်အတွက်ဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် အစိုးရဌာန ၂၈ ခုမှ လုပ်ငန်းဆောင်ရွက်မှုလွယ်ကူ ချောမွေ့စေရေးအတွက် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ နံပါတ် (၁၈) အရ အတူပူးပေါင်း ဆောင် ရွက်သွားစေလိုကြောင်းပြောကြားခဲ့သည်ဟုဖော်ပြပါရှိပါသည်။  

 

 

 

 

 

Source; https://www.cnnphilippines.com/business/2023/7/13/marcos-launch-investment-green-lanes.html

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines