Vietnam

လာအိုနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးသော ပြည်ပခရီးသွားလုပ်ငန်းမြှင့်တင်ရေးရုံးကို ဖွင့်လှစ်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၎င်း၏ ခရီးသွားကဏ္ဍ တိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ပြီး ဗီယင်ကျန်းတွင် နိုင်ငံတကာ ခရီးသွားလုပ်ငန်းရုံးကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ လှုပ်ရှားမှုသည် ကူးစက်ရောဂါ မဖြစ်ပွားမီ ခရီးသွားအရေအတွက်များ ပြန်လည်ရရှိရန်၊ နယ်ပယ်စုံမှ ပါဝင်စေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဖြစ်ကြောင်း သိရပါသည်။ ဤမဟာဗျူဟာ လှုပ်ရှားမှုသည် ခရီးသွားကဏ္ဍတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိရန် ပိုမိုကျယ်ပြန့်သော အစပျိုးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်က ခရီးသွားလာမှု သိသိသာသာ တိုးမြင့်လာခဲ့ပြီး နိုင်ငံခြား ခရီးသွား ၁၂.၆ သန်းအထိ ၃၄၀ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပြည်တွင်းခရီးသွား ၅.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ စုစုပေါင်း ခရီးသွား ၁၀၈ သန်း ရှိကြောင်း သိရှိရပါသည်။ ယခုနှစ်အတွက် ရည်မှန်းထားသည့် ရည်မှန်းချက်မှာ နိုင်ငံတကာ ခရီးသွား ၁၇ သန်းမှ ၁၈ သန်းအထိ ဆွဲဆောင် ရန်ဖြစ်ပြီး ကပ်ရောဂါမဖြစ်ပွားမီ ကိန်းဂဏန်းများအတိုင်း ပြည်တွင်းခရီးသွား သန်း ၁၁၀ ကို ဆွဲဆောင်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

Vietnam National Administration of Tourism (VNAT) သည် မကြာသေးမီက ၎င်း၏ မျှော်မှန်းချက်ဖြစ်သော ၂၀၂၅-၂၀၃၀ အတွက် ၎င်း၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အပြီးသတ်ပြီးဖြစ်ကြောင်းနှင့် ၂၀၄၅ ခုနှစ်အထိ မျှော်မှန်းချက်ဖြင့် ရေးဆွဲထားကြောင်း၊ ဝန်ကြီးချုပ်ထံ အတည်ပြုချက်ရရှိရေး တင်ပြထားဆဲဖြစ်ကြောင်းနှင့် အဆိုပါ မဟာဗျူဟာသည် ခရီးသွားလုပ်ငန်း၏ အနာဂတ် တိုးတက်မှုကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ မဟာဗျူဟာ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့အစည်း၊ ဆေးဘက်ဆိုင်ရာ၊ ကျေးလက်ခရီးသွားလုပ်ငန်း၊ MICE (အစည်းအဝေးများ၊ မက်လုံးများ၊ ကွန်ဖရင့်များနှင့် ပြပွဲများ)၊ Golf ၊ မီးရထားဖြင့် ခရီးသွားလုပ်ငန်းစသည့် နယ်ပယ်ကဏ္ဍများကို အာရုံစိုက်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်သွားရန်ဖြစ်သည်။ ပြည်ပ အရောင်းမြှင့်တင်ရေးရုံးများ တည်ထောင်ခြင်းသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်၏ ခရီးသွားလာရေး မဟာဗျူဟာတွင် ကွာဟမှုဖြစ်စေပြီး အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်းသိရှိရသည်။ ဗီယင်ကျန်းရုံးသည် ထိုင်းနှင့် ကမ္ဘောဒီးယားမှ ခရီးသွားများနှင့် ချိတ်ဆက်ဆွဲဆောင်ရန် ရည်ရွယ်ပြီး ဗီယက် နမ်နိုင်ငံ၏ မြင်သာထင်သာမြင်သာမှုနှင့် ဆွဲဆောင်မှုရှိသော ခရီးသွားနေရာတစ်ခုအဖြစ် မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှု၏ အစဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: https://www.traveldailynews.asia

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam