China (HongKong)

၂၀၂၈ ခုနှစ်တွင် ဟောင်ကောင်ဒေသ၌ လုပ်သားရှားပါးမှု တိုးတက်လာဖွယ်ရှိ

Last Updated:

၂၀၂၃ ခုနှစ်အတွင်း လုပ်သားအင်အားလိုအပ်ချက် ၁၃၀,၀၀၀ ရှိခဲ့သည် ဟောင်ကောင် ဒေသသည် လာမည့် ၂၀၂၈ ခုနှစ်တွင် လုပ်သား ၁၈၀,၀၀၀ အထိ ရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိ လာနိုင်ကြောင်း ဟောင်ကောင်ဒေသ အလုပ်သမားနှင့် လူမှုဖူလုံရေးဗျူရိုမှ ပြောကြားခဲ့သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် “HK to face 180,000 manpower shortage by 2028” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

လုပ်သားအင်အားအခြေပြုလုပ်ငန်းများဖြစ်သည့် ဆောက်လုပ်ရေး၊ city operations၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အစားအသောက်ဆိုင်ရာ လုပ်ငန်းများ၊ လက်လီရောင်းချမှု၊ ခရီးသွားလုပ်ငန်း၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာလုပ်ငန်းကဲ့သို့ လုပ်ငန်းများတွင် လုပ်သား လိုအပ်ချက် သိသိသာသာဖြစ်ပေါ်ခဲ့ကြောင်း၊ နှစ်စဉ်စီးပွားရေးတိုးတက်မှု ၃.၂ ရာခိုင်နှုန်း ခန့်မှန်း ချက်ကြောင့် အဓိကလုပ်ငန်းကြီးများတွင် လုပ်ငန်းလိုအပ်မှုအများအပြားရှိနေမည်ဖြစ်ကြောင်း၊ ထို့ပြင် သက်ကြီးလုပ်သားများနှင့် ဟောင်ကောင်ဒေသသို့ လုပ်သားဝင်ရောက်မှုအသစ်မရှိခြင်းကြောင့် ၂၀၂၈ ခုနှစ်တွင် ကျွမ်းကျင်သည့် နည်းပညာဆိုင်ရာလုပ်သားရှားပါးမှုမှာ ရင်ဆိုင်ရဖွယ်ရှိသည့် လုပ်သားအင်အား ရှားပါးမှုအရေအတွက်၏ သုံးပုံတစ်ပုံခန့်ရှိနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဉာဏ်ရည်တု (AI) ကျွမ်းကျင်သူများ၊ data analysts and information technology ကျွမ်းကျင်သူများကဲ့သို့ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်သူလိုအပ်ချက် ပိုမိုမြင့်မာလာမည်ဖြစ်ကြောင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း ထိန်းသိမ်းနိုင်ရေးအတွက်လုပ်ငန်းပြောင်လဲလာမှုနှင့်အညီ လုပ်သားထုအနေဖြင့် e-commerce နှင့် ဉာဏ်ရည်တု (AI) အသုံးပြုမှု ကျွမ်းကျင်မှု အရည် အချင်းများ ရှိနေရန် လိုအပ်မည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဖြစ်သူ Chris Sun က ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: China (HongKong)