China(Nanning)

တရုတ်နိုင်ငံသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreements-FTA) များ (၂၉) ခုအထိ ရှိလာ

Last Updated:

တရုတ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလကုန်အထိ နိုင်ငံနှင့် ဒေသပေါင်း (၂၉) ခုနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် အစိုးရ၏ အချက်အလက်များအရ တရုတ်နှင့် FTA မိတ်ဖက်များအကြား ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံ၏စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် FTA ညှိနှိုင်းမှုနှင့် လက်မှတ်ရေးထိုးမှုနှစ်ခုစလုံးတွင် အောင်မြင်မှုများကို ပြုလုပ်နိုင်ခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် အီကွေဒေါ၊ နီဂါရာဂွာနှင့် ဆားဘီးယားတို့နှင့် FTAs များ လက်မှတ်ရေးထိုးခဲ့သည့်အပြင် တရုတ်-စင်ကာပူ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ကို ထပ်မံအဆင့်မြှင့်တင်ရန် protocol တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဟွန်ဒူးရပ်စ်နှင့် FTA ကနဦးညှိနှိုင်းမှုများတွင် သိသိသာသာတိုးတက်မှုများရရှိခဲ့ကြောင်း သိရှိရပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ တရုတ်-နီဂါရာဂွာ FTA သည် နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို Negative List ဖြင့် ခွင့်ပြုခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး FTA ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်-စင်္ကာပူ FTA ပိုမိုတိုးတက်ကောင်းမွန်လာစေရန် နှစ်ဖက်စလုံးမှ Negative List ပုံစံဖြင့် ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဈေးကွက်ဖွင့်ရန် ကတိကဝတ်ပြုထားပြီး ဒစ်ဂျစ်တယ်စီးပွားရေးကဲ့သို့သော ထွန်းသစ်စကဏ္ဍများတွင် ရင်းနှီးမြှပ်နှံသူများနှင့် ဝန်ဆောင်မှုပေးသူများအတွက် ပိုမိုကြီးမားသော ဈေးကွက်အခွင့်အလမ်းများကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လွတ်လပ်သော ကုန်သွယ်မှုကွန်ရက်များကို ဆက်လက်တိုးတက်စေရန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့် မူဝါဒနှင့်အကျုံးဝင်သည့် ကုန်စည်များကို တိုးချဲ့ရန် ယခုနှစ်အတွင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ Negative List ကို အသုံးပြု၍ ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဈေးကွက်ဖွင့်လှစ်ခြင်းအား ပိုမိုမြှင့်တင်ရန်အတွက် ဆက်သွယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ကဏ္ဍများကို ဈေးကွက်ပိုမိုဖွင့်လှစ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

FTA စေ့စပ်ညှိနှိုင်းမှုအသစ်တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ ပတ်ဝန်ကျင်ထိခိုက်မှုမရှိသော စီးပွားရေး၊ စံချိန်စံညွှန်းနှင့် အသိအမှတ်ပြုလက်မှတ်များအပြင် အစိုးရဝယ်ယူရေးအပါအဝင် စံနှုန်းမြင့်သော စီးပွားရေးနှင့် ကုန်သွယ်မှုစည်းမျဉ်းများကိုလည်း ထည့်သွင်းသွားမည်ဟု ဝန်ကြီးဌာနက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source:https://www.chinadaily.com.cn/a/202402/13/WS65cb10baa3104efcbdaeabfc.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး)

Category: China(Nanning)