Korea

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အရှေ့တောင်ပိုင်းရှိ အကြီးဆုံးအိမ်ရာစီမံ ကိန်းကြီးတစ်ခု အတွက် Hyundai Elevator ၏ ဓါတ်လှေကားနှင့် စက်လှေ ကားများတပ်ဆင်ခွင့်ရရှိ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့အရှေ့တောင်ပိုင်းရှိ အကြီးဆုံးအိမ်ရာစီမံကိန်းကြီးတစ်ခုကို ပြန်လည်တည်ဆောက်ရေးအတွက် ဓါတ်လှေကားနှင့် စက်လှေကားများ စုစုပေါင်း ၃၁၄ ခု တပ်ဆင်ရန် တောင်ကိုရီးယားဝမ်ငွေ ၄၃.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃.၉ သန်း) တန်ဖိုးရှိ စာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့သည်ဟု Hyundai Elevator က ၂၀၂၃ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ပြောကြားခဲ့ပါသည်။  

စာချုပ်အရ ဓါတ်လှေကားနှင့် စက်လှေကားအရေအတွက် စုစုပေါင်း ၃၁၄ ခု တပ်ဆင်ရန် စာချုပ်ချုပ်ဆိုနိုင်ခြင်းမှာ Hyundai Elevator အတွက် ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ပြောင်မြောက်သည့်နည်းပညာနှင့် ကုန်အမှတ်တံဆိပ် ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှုကြောင့် ယခုလိုအောင်မြင်ခြင်း ဖြစ်ပါကြောင်း Hyundai Elevator ၏ CEO Cho Jae-cheon ကပြောကြားခဲ့ပါသည်။

Hyundai Elevator မှ ဓါတ်လှေကားနှင့် စက်လှေကားများတပ်ဆင်မည့် Dunchon Ju-gong Apartment ကို ၂၀၂၅ ခုနှစ်အကုန်တွင် အပြီးဆောက်လုပ်မည်ဖြစ်ပြီး အိမ်ထောင်စု စုစုပေါင်း ၁၂,၀၃၂ အတွက် အဆောက်အဦး ၈၅ ခု တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ အိမ်ထောင်စု စုစုပေါင်း ၁၀,၀၀၀ ကျော်အတွက် တစ်နေရာတည်းတည်ဆောက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲများ ကြုံခဲ့ရသော်လည်း ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ယခုကဲ့သို့ ရလဒ်ကောင်းများရခြင်းဖြစ်ပါကြောင်း Hyundai Group ဥက္ကဋ္ဌ Hyun Jeong-eun က ပြောကြားပါသည်။

Hyundai Elevator သည် ပြည်တွင်း၌သာမက ပြည်ပဈေးကွက်များဖြစ်သည့် ဆော်ဒီအာရေးဗျနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း မြေ၊အခြေခံအဆောက်အဦနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် "One Team Korea" အစီအစဉ်အောက်တွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

 

Source: https://www.koreaherald.com/view.php?ud=20230618000126&np=1&mp=1

(စီးပွားရေးသံမှူး၊ ကိုရီးယား)

Category: Korea