Vietnam

ခရီးသွားလာခြင်းလုပ်ငန်းအတွက် ဂျပန်သည် ဗီယက်နမ်၏အရေးပါသော ဈေးကွက်ဖြစ်လာ

Last Updated:

ဗီယက်နမ်သည် နှစ်စဉ်အာရှမှ ကမ္ဘာ့လှည့်ခရီးသွား ၁ သန်းခန့်ကို ဆွဲဆောင်နိုင်သောကြောင့် ဂျပန်ခရီးသွားသူများအတွက် ရေပန်းစားသောနေရာတစ်ခုဖြစ်ပါသည်။

မကြာသေးမီနှစ်များ အတွင်းက ဂျပန်နိုင်ငံသည် ဗီယက်နမ်၏ ခရီးသွားလုပ်ငန်းအတွက် အဓိကကျသော ဈေးကွက်များထဲမှ တစ်ခုဖြစ်လာသည်။

ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ဗီယက်နမ်ခရီးသွားလာရေး စီမံခန့်ခွဲမှု အဖွဲ့၏ အဆိုအရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံသို့ လာရောက် လည်ပတ် သည့် ဂျပန်ခရီးသွားဦးရေသည် ၂၀၁၉ ခုနှစ်တွင် ၉၅၂,၀၀၀ အထိ ၁ ဒသမ ၄ ဆ တိုးမြင့် လာပြီး နှစ်စဉ်ပျမ်းမျှတိုးနှုန်း ၉ ရာခိုင်နှုန်းရှိကြောင်း သိရှိပါသည်။

၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ကိုဗစ်ရောဂါဖြစ်ပွားမှုမတိုင်မီထက်များစွာ လျော့နည်း ခဲ့ပြီး ဂျပန်ခရီးသွား ၁၂၈,၀၀၀ ကျော်သာရရှိခဲ့သည်။ သို့ရာတွင် ၂၀၂၃ ခုနှစ်တွင် ကိန်းဂဏန်း များစွာ မြင့်တက်ခဲ့သည်။

ပြီးခဲ့သော ၅ လအတွင်း ဂျပန်နိုင်ငံသည် ဗီယက်နမ်၏ထိပ်တန်းခရီးသွားဈေးကွက် ၁၀ ခုတွင် စတုတ္တအဆင့်တွင် ရပ်တည်နေပြီး ယင်းကာလအတွင်း အရှေ့တောင်အာရှနိုင်ငံသို့ လာရောက်လည်ပတ် မှု ၂၀၄,၀၀၀ ဖြင့် အဆင့် ၄ နေရာတွင် ရောက်ရှိနေခဲ့ပါသည်။

ဂျပန်ခရီးသွားများသည် ဒေသတွင်းယဉ်ကျေးမှုကို လေ့လာရန်နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်များကို စူးစမ်းလေ့လာရန်အတွက် ဗီယက်နမ်ရှိ အပန်းဖြေပုံစံ အားလပ်ရက်ကမ်းခြေ ခရီးသွားများကိုစိတ်ဝင်စားကြသည်။

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam