ဗဟိုဘဏ်က အတိုးနှုန်းကို (၀.၂၅)ရာခိုင်နှုန်းလျှော့ချခဲ့ပြီးနောက် အမေရိကန်စတော့ရှယ်ယာဈေးကွက်ကျဆင်းပြီး ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ကြောင်း၊ စတော့ရှယ်ယာဈေးကွက် အညွှန်းကိန်းများဖြစ်သည့် S&P 500 အညွှန်းကိန်းသည် (၃)ရာခိုင်နှုန်း၊ Russell 2000 အညွှန်းကိန်းသည် (၄.၄) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Dow Jones Industrial Average သည် ဆယ်ရက်ဆက်တိုက်ကျဆင်းနေခဲ့ကြောင်း၊ (၂) နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းရငွေသည် (၀.၁) ရာခိုင်နှုန်း မြင့်တက် ခဲ့ကာ (၄.၃၆) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သဖြင့် (၂)လအတွင်း အများဆုံး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်လာတန်ဖိုးသည် ၁၈-၁၂-၂၀၂၄ ရက်တွင် (၁.၁) ရာခိုင်နှုန်းတိုး လာခဲ့ကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှစ၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။