China(Beijing)

၂၀၂၃ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုမှဦးစီးချုပ်ကိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOEs) များ၏ ရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၆ ထရီလီယံ ကျော်ရှိခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ဗဟိုမှဦးစီးချုပ်ကိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SOEs) များအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများတိုးချဲ့ခဲ့ကြောင်း အချက်အလက်ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

အဆိုပါ (SOEs) များ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ယွမ် ၆.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၇၃ ဘီလီယံခန့်) ရှိခဲ့ပြီး ကာလတူထက် ၆.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်ပိုင် ပိုင်ဆိုင်မှုကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင် (SASAC) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် အဆိုပါကုမ္ပဏီများ၏ အိမ်ခြံမြေအပါအဝင် ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ၁၁.၄ ရာခိုင်နှုန်း ယွမ် ၅.၀၉ ထရီလီယံတိုးလာခဲ့ပြီး ၎င်းတို့၏ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ၁၅.၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း မဟာဗျူဟာကျသည့် ဖွံ့ဖြိုးတိုးတက်စ စက်မှုလုပ်ငန်းများ၌ ဗဟိုမှ ဦးစီးချုပ်ကိုင်သော (SOEs) များ၏ ရင်းနှီးမြှုပ်နှံမှုသည် ၃၂.၁ ရာခိုင် နှုန်း၊ ယွမ် ၂.၁၈ ထရီလီယံအထိ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း နိုင်ငံတော်ပိုင် ပိုင်ဆိုင်မှုကြီးကြပ်ရေးနှင့် စီမံခန့်ခွဲရေးကော်မရှင် (SASAC) ၏ အဆိုအရသိရှိရပါသည်။

 

Source: Investment of China's central SOEs surpasses 6 trillion yuan in 2023 - People's Daily Online

(စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)   

Category: China(Beijing)