China(Beijing)

နွေဦးပွဲတော်အားလပ်ရက်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အရှိန်မြင့်မားခဲ့

Last Updated:

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အများပြည်သူသုံးစွဲမှု တိုးတက်ရေးကို အဓိကမောင်းနှင်ဆောင်ရွက်ရန် ဦးတည်ထားသည်နှင့်အညီ နွေဦးပွဲတော် အားလပ်ရက်အတွင်း အများပြည်သူသုံးစွဲမှု မြင့်မား၍ စီးပွားရေးတိုးတက်မှု အရှိန်မြင့်မားခဲ့ကြောင်း အချက်အလက်ဖော်ပြချက်များအရ သိရှိရပါသည်။

ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၇ ရက်အထိ အားလပ်ရက်ကာလအတွင်း ပြည်တွင်းပြည်ပ ခရီးစဉ်ပေါင်း ၁၃.၅၂ သန်းဝန်းကျင်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှ ၁.၆၉ သန်းရှိခဲ့ကာ ယခင်နှစ်ကာလတူထက် ၂.၈ ဆ တိုးလာကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲမှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ပြည်တွင်းရထားဖြင့်သွားလာသည့် ခရီးသည် ၉၉.၄၆ သန်းနှင့် မြို့ပြလေကြောင်းခရီးစဉ် ၁၈ သန်းနီးပါးဖြင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေး မြင့်မားလာခဲ့ကြောင်း၊ အားလပ်ရက်များအတွင်း ခရီးသွားကဏ္ဍ အရှိန်အဟုန် မြင့်မားခဲ့ပြီး အဆိုပါကဏ္ဍနှင့် သက်ဆိုင်သည့် ညွှန်းကိန်းဖော်ပြမှုများမှာ ကိန်းဂဏန်းအသစ်များအဖြစ် မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

အားလပ်ရက်အတွင်း ပြည်တွင်းခရီးသည် ၄၇၄ သန်း ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃၄.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၎င်းနှင့် ဆက်စပ်ခရီးသွားလုပ်ငန်းမှ ၀င်ငွေသည် ယွမ် ၆၃၂.၆၉ ဘီလီယံ (ဒေါ်လာ ၈၇.၉၅ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၇.၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အားလပ်ရက်အတွင်း နိုင်ငံတစ်ဝှမ်းတွင် စီးပွားဖြစ်ဖျော်ဖြေပွဲ စုစုပေါင်း ၁၆၃၀၀ ပြသခဲ့ကာ ကာလတူထက် ၅၂.၁ ရာခိုင်နှုန်းတိုးလာကြောင်း၊  ဝင်ငွေအားဖြင့် ယွမ် ၇၇၈ သန်း၊ ၈၀.၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းသိရှိပါသည်။

အဆိုပါကိုးရက်ကြာ အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၏ Box Office ဝင်ငွေသည် ယွမ် ၈ ဘီလီယံကျော်ရှိခဲ့သဖြင့် အားလပ်ရက်ကာလအတွက် စံချိန်သစ်ဖြစ်ခဲ့ကြောင်း အမျိုးသားရုပ်ရှင်စီမံခန့်ခွဲရေးဌာန၏ ကနဦးစာရင်းဖော်ပြချက်များအရ သိရှိရပါသည်။

ငွေလွှဲပြောင်းပေးချေမှု မှတ်တမ်းများကလည်း သုံးစွဲမှုပမာဏ မြင့်တက်လာသည်ကို သက်သေပြခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၄ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှု ၁၅.၃၈ ဘီလီယံ ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ယွမ် ၇.၇၄ ထရီလီယံ အသီးသီး တိုးလာခဲ့ကြောင်း People Bank of China ၏ အချက် အလက်ဖော်ပြချက်များအရ သိရှိရပါသည်။

 

Source: Chinese economy booms during the Spring Festival holiday - CGTN

စီးပွားရေးသံမှူး ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

Category: China(Beijing)