Vietnam

ဗီယက်နမ်နိုင်ငံ၏ စက်သုံးဆီလက်လီရောင်းချသူများအား e-invoice စည်းမျဉ်းကို လိုက်နာရန် ပြောကြား

Last Updated:

စက်သုံးဆီ လက်လီရောင်းချသည့် လုပ်ငန်းများအနေဖြင့် ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြဌာန်းထားသည့် အီလက်ထရောနစ် ငွေတောင်းခံလွှာစည်းမျဉ်းကို ယခုလကုန်မှ စလိုက်နာရန် တာဝန်ရှိကြောင်းသိရှိရသည်။

မတ်လ ၃၁ရက်နေ့မှစ၍ စက်သုံးဆီအရောင်းအ၀ယ်တစ်ခုစီအတွက် အီလက်ထရောနစ် ပြေစာများထုတ်ပေးရန် ပျက်ကွက်သည့် စက်သုံးဆီ လက်လီရောင်းချသည့် လုပ်ငန်းများအနေဖြင့် အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စည်ပင်သာယာရေးနှင့် ပြည်နယ်အာဏာပိုင်များထံ လိပ်မူထားသည့် အရေးပေါ်ညွှန်ကြားချက်တွင် ဝန်ကြီးဌာနမှ စက်သုံးဆီလက်လီရောင်းချသူများအတွက် e-invoicing သို့ကူးပြောင်းရန်လိုအပ်ချက်ကို ဖော်ပြခဲ့သည်။ ဒေသအာဏာပိုင်များအား e-invoicing စည်းမျဥ်းစည်းကမ်းနှင့်အညီ စီးပွားရေးလုပ်ငန်းများအား လမ်းညွှန်မှုနှင့် အကူအညီများပေးရန် ညွှန်ကြားထားသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဖေဖော်ဝါရီလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်သုံးဆီဆိုင်ပေါင်း ၇,၅၄၂ ခုကို e-invoicing fuel Station စတင်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ၅,၈၄၉ ခု မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ဘတ်နင်းဒေသသည် လိုက်နာမှု ၁၀၀ ရာခိုင်နှုန်း၊ ဒါလတ်ဒေသသည် ၉၇ ရာခိုင်နှုန်း၊ သန်းဟွာဒေသသည် ၉၅ ရာခိုင်နှုန်း ရှိကြောင်းဖြင့် ပြည်နယ်အချို့၏ အပြည့်အဝလိုက်နာမှုကို ဖော်ပြခဲ့သည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam