Vietnam

ဗီယက်နမ်နိုင်ငံ၏ ပထမငါးလအတွင်း ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၀၃ ဘီလီယံကျော် ရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဇန်နဝါရီမှ မေလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၃.၉၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၆ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါ ကိန်းဂဏန်းတွင် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၆.၂၈ ဘီလီယံ ပါဝင်ပြီး ယခင်နှစ် အလားတူကာလထက် ၁၄.၉ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၀.၂၃ ဘီလီယံ တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

FDI ကဏ္ဍ၏ ပို့ကုန်သည် မေလ လဝက်တွင် ၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၂.၆၆ ဘီလီယံအထိ ရရှိခဲ့သည်။ ပထမငါးလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၁.၉၃ ဘီလီယံရရှိခဲ့ပြီး ၁၃.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဗီယက်နမ်၏ သွင်းကုန်တန်ဖိုးသည် မေလ ဒုတိယလဝက်တွင် အမေရိကန်ဒေါ်လာ ၁၅.၁၈ ဘီလီယံရှိမည်ဟု ခန့်မှန်းထားပြီး မေလ ပထမ ၁၅ ရက်နှင့် နှိုင်းယှဉ်ပါက ၁၂.၁ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၂.၀၉ ဘီလီယံ ကျဆင်းခဲ့ကြောင်း‌ ဖော်ပြထားပါသည်။

ပထမငါးလအတွင်း စုစုပေါင်းသွင်းကုန်သည် အမေရိကန်ဒေါ်လာ ၁၄၇.၆၇ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၇.၃ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၁.၇၇ ဘီလီယံ မြင့်တက်လာခဲ့သည်။ ဗီယက်နမ်အနေဖြင့် မေလ ဒုတိယလဝက်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံရှိပြီး ဇန်နဝါရီမှ မေလအတွင်း အမေရိကန် ဒေါ်လာ ၈.၆၁ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: VGP

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam