Korea

အမေရိကန်ပြည်ထောင်စုက စံသတ်မှတ်အတိုးနှုန်းလျှော့ချမှုကြောင့် တောင်ကိုရီးယားနိုင်ငံတွင် ရေတိုကာလအတွင်း ဈေးကွက်မတည်ငြိမ်မှုများ မြင့်တက်လာမည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီး ပြောကြား

Last Updated:

အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က စံသတ်မှတ်အတိုးနှုန်းကို လျှော့ချလိုက်မှုကြောင့် ဘဏ္ဍာရေးနှင့် နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်များတွင် ရေတိုကာလအတွင်း မတည်ငြိမ်မှု မြင့်တက်လာမည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Mr. Choi Sang-mok က ၁၉-၁၂-၂၀၂၄ ရက်နေ့ တွင် ကျင်းပခဲ့သည့် “ခဏတာစစ်အုပ်ချုပ်ရေးပြဌာန်းမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအပေါ်ထိခိုက်စေမှုများ လျှော့ချရေးအစည်းအဝေး” တွင် ပြောကြားခဲ့ပါသည်။  အဆိုပါအစည်းအဝေးသည် ဘဏ္ဍာရေးဝန်ကြီးနှင့် တောင်ကိုရီးယားဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Rhee Chang-yong အပါအဝင် ထိပ်တန်းဘဏ္ဍာရေးအရာထမ်းများအကြား ၃-၁၂-၂၀၂၄ ရက်နောက်ပိုင်း ပုံမှန်တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးတစ်ခုဖြစ်ပါသည်။

ဈေးကွက်မတည်ငြိမ်မှုများပိုမိုဆိုးဝါးလာပါက လက်ရှိဆောင်ရွက်နေသော ဈေးကွက်တည်ငြိမ်စေရေး အစီအမံများအပြင် အခြားသောအစီအမံများကို ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့သော် အလွန်အကျွံတုံ့ပြန်ဆောင်ရွက်ခြင်းကို သတိပြုသင့်ကြောင်း၊ ဦးတည်ချက်တစ်ဘက်တွင် အလွန်အမင်း အားထည့်ဆောင်ရွက်ခြင်းသည် ၎င်း၏ ဆန့်ကျင်ဘက်တစ်ဖက်တွင် ပြင်းထန်သော တန်ပြန်လှုပ်ရှားမှုများဆီသို့ ဦးတည်သွားစေနိုင်ကြောင်း ဝန်ကြီး Mr. Rhee Chang-yong က သတိပေးပြောကြားခဲ့ပါသည်။

Source:

https://koreajoongangdaily.joins.com/news/2024-12-19/business/economy/Finance-minister-warns-of-shortterm-market-volatility-following-US-rate-cut/2204434

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။  

Category: Korea