Phillippines

အစိုးရ၏အခြေခံအဆောက်အအုံ စီမံကိန်းများ အတွက် ပုဂ္ဂလိကကဏ္ဍမှာ လွန်စွာအရေးပါကြောင်း National Economic and Development Authority - NEDA) ပြောကြား

Last Updated:

ဖိလစ်ပိုင်အစိုးရသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ပုဂ္ဂလိကကဏ္ဍမှ Infrastructure Flagship Projects (IFPs) များတွင် အရေးပါသောမိတ်ဖက်အနေဖြင့် ဝင်ရောက်လာစေရန် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်စီးပွားရေးဆွေးနွေးပွဲ၌ အမေရိကန်စီးပွားရေးလုပ်ငန်းများအား ဖိလစ်ပိုင်အစိုးရ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း NEDA အတွင်းရေးမှူး Arsenio M. Balisacan မှ ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်သည် လျှင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းရှိသည့် နိုင်ငံတစ်ခုဖြစ်ခြင်း၊ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် လုပ်သားအင်အားရှိခြင်း၊ လတ်တလောတွင် ဥပဒေ၊ စည်းမျဉ်းများအား ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲလျက်ရှိခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော နိုင်ငံတစ်ခု ဖြစ်သည့်အားလျော်စွာ လာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း ဖိတ်ခေါ်ပြောကြားခဲ့ပါသည်။

ထို့ပြင် အစိုးရ၏အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများသာမက ပုဂ္ဂလိကကဏ္ဍများမှလည်းပါဝင်စေလိုပါကြောင်း ဖိလစ်ပိုင်စီးပွားရေးပညာရှင်မှ အစီရင်ခံတင်ပြခဲ့ ပါသည်။

အကန့်အသတ်ဖြင့်သာရှိသော သဘာဝသယံဇာတအရင်းအမြစ်များအား အသုံးချပြီး တိုင်းပြည်၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာခြင်းကို အသိအမှတ်ပြုပါကြောင်း Arsenio M. Balisacan   မှ ထပ်ဆင့်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်-၁၉ ကာလအတွင်း ဘဏ္ဍာငွေလိုအပ်ချက်များရှိသော်လည်း တိုင်းပြည်၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPPs)တွင် ဦးစားပေးသုံးစွဲသွားရန် Marcos Administration မှ ဆုံးဖြတ်ခဲ့ပါသည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPPs) ကို ဆွဲဆောင်ခြင်းအားဖြင့် အစိုးရနှင့်ပုဂ္ဂလိကကြား နည်းပညာ၊ စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုတို့အပြင် ငွေကြေးအရင်းအမြစ် အထောက်အပံ့များလည်း ပူးပေါင်းဖလှယ်နိုင်မည်ဖြစ်ပါသည်။

အထူးသဖြင့် နိုင်ငံခြားကုမ္ပဏီများတိုးချဲ့ဝင်ရောက်လာခြင်းနှင့် စီးပွားရေးပူးပေါင်းဆောက်ရွက်ခြင်းတို့၏ အကျိုးအမြတ်များနှင့် စပ်လျဉ်း၍လည်း တင်ပြဆွေးနွေးခဲ့ပါသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်အနေဖြင့် စွမ်းအင်ကဏ္ဍ၊ ရေအရင်းအမြစ်ကဏ္ဍ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကဏ္ဍတို့ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

လတ်တလောတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း‌ ၁၉၄ ခုအား လုပ်ကိုင်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတမှ ခွင့်ပြုထားပြီးဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံနီးပါးရှိကြောင်း   Arsenio M. Balisacan   မှပြောကြားခဲ့ပါသည်။

အစိုးရနှစ်စဉ်ဘဏ္ဍာရန်ပုံငွေစာရင်းတွင် IFPs အတွက် ဦးစားပေးသုံးစွဲရန်လျာထားပြီး လက်ရှိဘဏ္ဍာရေးမူဘောင်နှင့် ကိုက်ညီမှုရှိစေရန် ရေးဆွဲထားပြီး အမြန်ဆုံးအတည်ပြုချက်ရယူသွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စီမံကိန်းအများစုတွင် ရေအရင်းအမြစ်နှင့် ဆက်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများပါဝင်မည်ဖြစ်ပြီး မိမိတို့အနေဖြင့်ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခုဖြစ်စေရန် ဖန်တီးကြိုးစား သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြေားခဲ့ပါသည်။

ဖိလစ်ပိုင်စီးပွားရေးဆွေးနွေးပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းရေးမှူး Benjamin E. Diokno မှ အမှာစကားပြောကြားခဲ့ပြီး ရသုံးမှန်းခြေ ငွေစာရင်းဌာန အတွင်းရေးမှူး Amenah F. Pangandaman နှင့် Bangko Sentral ng Pilipinas တို့မှလည်း ဖိလစ်ပိုင်နိုင်ငံ၏ ဦးစားပေးကဏ္ဍအလိုက် ဘဏ္ဍာငွေသုံးစွဲမှု၊ ငွေကြေးဖောင်းပွမှုအခြေအနေတို့အား အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။

 

 

         

စီးပွားရေးသံမှူး၊မနီလာ

Category: Phillippines