Vietnam

ရေထွက်ပစ္စည်း တင်ပို့မှုသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများအသင်း (VASEP) ၏ အဆိုအရ ၂၀၂၄ ခုနှစ်တွင် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ရည်မှန်းထားကြောင်းသိရှိရပါသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက Tra ငါးနှင့် ပုဇွန်မှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ရရှိမည်ဟု ခန့်မှန်းထားရာ  ဘီလီယံ ၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ဗီယက်နမ်အစိုးရပေါ်တယ်က ဖော်ပြခဲ့သည်။

VASEP ၏ ခန့်မှန်းချက်အရ ရေထွက်ကုန် တင်ပို့မှုသည် တည်ငြိမ်မှုမရှိသော စျေးကွက်ဝယ်လိုအားနှင့် ကမ္ဘာ့စီးပွားရေး အခက်အခဲများကြောင့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမနှစ်ဝက်တွင် အနည်းငယ်သာ ပြန်တက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှု ပမာဏသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံ ရှိပြီး ပို့ကုန်ရည်မှန်းချက်၏ ၉၂ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ပုဇွန်တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၃.၄၅ ဘီလီယံခန့်ဖြင့် အများဆုံး ပံ့ပိုးပေးခဲ့ပြီး၊ ၎င်းနောက်တွင် ထရာငါး (ဒေါ်လာ ၁.၉ ဘီလီယံ) ၊ တူနာငါး (ဒေါ်လာ သန်း ၉၀၀) နှင့် ခရုများ (ဒေါ်လာ သန်း ၈၀၀) တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းရေထွက်ကုန်သည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၉ ဒသမ ၂ သန်း ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam