Vietnam

၂၀၂၃ ခုနှစ်အတွင်း သန်းဟွာစီးပွားရေးဇုန်နှင့် စက်မှုဥယာဉ်တို့တွင် စီမံကိန်း ၂၁ ခုအား ဆွဲဆောင်နိုင်ခဲ့

Last Updated:

၂၀၂၃ ခုနှစ်အတွင်း Nghi Son စီးပွားရေးဇုန် (Economic Zone) နှင့် မြောက်အလယ်ပိုင်း သန်းဟွာပြည်နယ်ရှိ စက်မှုဥယျာဉ် (Industrial park) တို့တွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၂၁ ခုကို ဆွဲဆောင်ခဲ့ကြောင်း၊ မှတ်ပုံတင်ထားသော ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၁၅ခု၊ မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁၀.၈ ထရီလီယံ (ဒေါ်လာ ၄၀၀ ကျော်) နှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆ ခုတွင် မှတ်ပုံတင်ထားသော  မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၄၉ သန်း ရှိကြောင်း သိရှိရပါသည်။

စီမံကိန်းအသစ်များအနေဖြင့် Nghi Son EZ နှင့် IPs များတွင် မှတ်ပုံတင်ထားသော စီမံကိန်း ၇၂၅ ခုရှိပြီး၊ ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၅၀ ခု၊ မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁၇၉.၂ ထရီလီယံနီးပါး (ဒေါ်လာ ၇.၃ ဘီလီယံကျော်) နှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၇၅ ခု၊ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၁၃.၇ သန်း ရှိကြောင်း သိရှိရပါသည်။

Nghi Son EZ နှင့် IP များမှ စီးပွားရေးလုပ်ငန်းများမှ စုစုပေါင်းထုတ်ကုန်တန်ဖိုးသည် ပြီးခဲ့သည့်နှစ်က ခန့်မှန်းခြေ ဗီယက်နမ်ဒေါင် ၂၃၆.၈ ထရီလီယံ (ဒေါ်လာ ၉.၈၆ ဘီလီယံ) ကျော် ရရှိပြီး ၂၀၂၂ ခုနှစ်ကိန်းဂဏန်း၏ ၉၉.၈ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ဖော်ပြထားသည်။

၎င်းတို့၏ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၃ ဒသမ ၃၂ ဘီလီယံရှိပြီး ၂၀၂၂ ကိန်းဂဏန်း၏ ၉၉ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း၊ သွင်းကုန်စုစုပေါင်းမှာ ဒေါ်လာ ၇ ဘီလီယံကျော် သို့မဟုတ် ၂၀၂၂ ကိန်းဂဏန်း၏ ၇၆ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စီးပွားရေးဇုန်နှင့် စက်မှုဥယျာဉ်တို့တွင် အလုပ်သမား ၉၇,၈၃၆ ကို အလုပ်ခန့်ထားကြောင်း သိရှိရသည်။

Thanh Hoa တစ်ခုလုံးသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း  ၁၄ ခု အပါအဝင် ၂၀၂၃ ခုနှစ်တွင် စီမံကိန်း ၈၃ ခုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ စုစုပေါင်း မှတ်ပုံတင်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင် ၂၉ ထရီလီယံကျော် (ဒေါ်လာ ၁.၁၈ ဘီလီယံကျော်) နှင့် ဒေါ်လာ ၂၀၉ ဒသမ ၉ သန်း ရှိကြောင်းဖော်ပြထားပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam