Vietnam

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်ပသို့ အလုပ်သမား ၁၂၅,၀၀၀ စေလွှတ်ရန် ရည်မှန်းထားရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း ပြည်ပသို့ အလုပ်သမား ၁၂၅,၀၀၀ စေလွှတ်ရန် ရည်မှန်းထားကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အလုပ်သမားများအား ဂျပန်၊ ထိုင်ဝမ် (တရုတ်)၊ တောင်ကိုရီးယားနှင့် ဂျာမနီတို့ကဲ့သို့ ဝင်ငွေမြင့်မြင့်မားမားနှင့် တည်ငြိမ်သော စျေးကွက်များသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ဝန်ကြီးဌာနအနေဖြင့် စာချုပ်များချုပ်ဆို၍ ပြည်ပသို့စေလွှတ်သည့် အလုပ်သမားများ၏ အရည်အသွေးကိုမြှင့်တင်ရန်၊ စျေးကွက်ချဲ့ထွင်ရန်နှင့် အလုပ်သမားများ၏ ဘာသာစကားနှင့် အသက်မွေးဝမ်းကျောင်း စွမ်းရည်များမြှင့်တင်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးဌာနရှိ ပြည်ပအလုပ်အကိုင်ဌာန၏ ကိန်းဂဏန်းများအရ ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်သည် စာချုပ်များချုပ်ဆို၍ အလုပ်အကိုင်ရရှိရန် ပြည်ပသို့ အလုပ်သမား ၁၆၀,၀၀၀ နီးပါး စေလွှတ်ခဲ့ပြီး နှစ်စဉ်စီမံချက်၏ ၁၃၃.၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံသို့ ဗီယက်နမ်အလုပ်သမား ၈၀,၀၀၀ ကျော်စေလွှတ်ခဲ့ပြီး ထိပ်တန်းဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ရှိကာ ထိုင်ဝမ် (တရုတ်) က ၅၈,၀၀၀ ကျော်နှင့် တောင်ကိုရီးယားတွင် ၁၁,၀၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်အစိုးရအနေဖြင့် အလုပ်သမားများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများ မြှင့်တင်ခြင်း၊ ဂျပန်၊ ထိုင်ဝမ် (တရုတ်)၊ တောင်ကိုရီးယားနှင့် ဂျာမနီတို့ ကဲ့သို့သော နိုင်ငံများတွင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ချဲ့ထွင်ခြင်းနှင့် နိုင်ငံခြားငွေလွှဲပို့မှုများကို တိုးမြှင့်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း သုံးသပ်ရပါသည်။

 

 

Source: Viet Nam Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam