Vietnam

ဗီယက်နိုင်ငံ၏သစ်ထုတ်ကုန်တင်ပို့မှုက တဖြည်းဖြည်း ပြန်နာလန်ထူလာတဲ့ အနေအထားရှိလာ

Last Updated:

စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သစ်တောနှင့် သစ်ထုတ်လုပ်မှုများ၏ တင်ပို့မှုတန်ဖိုးကို ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ နီးပါးရရှိရန် ခန့်မှန်းခဲ့သော်လည်း ၂၅ ရာခိုင်နှုန်း ကျဆင်းကာ ယခုနှစ်၏ ပထမခုနှစ်လအတွင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇.၁ သန်း ဘီလီယံသာရရှိခဲ့ပါ သည်။

ဟိုချီမင်းမြို့တော်၏ သစ်ထုတ်လုပ်မှုနှင့် အနုပညာလက်ရာအသင်း၏ စစ်တမ်းအား လေ့လာချက်အရ အဆိုပါ စက်မှုလုပ်ငန်းအနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း ပို့ကုန်များ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဇူလိုင်လတွင် ပို့ကုန်များ ပြန်လည်လက်ခံရရှိလျက်ရှိရာ ဤစက်မှုကဏ္ဍအတွက် အလားအလာကောင်းများ ဖြစ်ကြောင်းသိရှိရပါသည်။ GIBC ဥက္ကဋ္ဌဖြစ်သူ Pham Phu Ngoc Trai က သစ်သားလုပ်ငန်းနှင့် ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များကို လျှော့ချခြင်းသည် ယာယီမျှသာဖြစ်သည်ဟု ယူဆခဲ့သည်။

ပို့ကုန်အများပြား ကျဆင်းခဲ့ပြီးနောက် ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်သို့ မြင့်တက်လာခြင်းသည် ဤကဏ္ဍတဖြည်းဖြည်း ပြန်လည်ကောင်းမွန်ခြင်းကို ဖော်ပြနေသည့် လက္ခဏာတစ်ခုဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်း လိုအပ်ချက်များသည် သစ်သားထုတ်ကုန် လုပ်ငန်းအတွက် တိုးတက်ကောင်းမွန်လာမည် အလားအလာဖြစ်ကြောင်းသိရသည်။ ဗီယက်နမ်ရှိ သစ်သားထုတ်လုပ်မှုလုပ်ငန်းသည် နှစ်ပေါင်းများစွာအထိ ကိန်းဂဏန်နှစ်ခု တိုးပွားမှုတစ်ခုကို ထိန်းသိမ်းခဲ့ပြီး ကမ္ဘာ့အကြီးအမားဆုံး ပရိဘောဂတင်ပို့သည့် ၅ နိုင်ငံအနက် တစ်နိုင်ငံအပါအဝင်ဖြစ်ခဲ့သည်။

သစ်သားနှင့် သစ်တောထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် ပို့ကုန်တိုးမြင့်ရန်အတွက် ယခင်နှစ် ပို့ကုန်ရရှိငွေ ၁၇.၁ ဘီလီယံထက် အနည်းငယ်တိုးမြှင့်ကာ ၁၇.၅ ဘီလီယံ ရရှိရေး ရည်မှန်းချက် ချမှတ်ခဲ့သော်လည်း ကမ္ဘာလုံးဆိုင်ရာသုံးစွဲမှု ကျဆင်းခဲ့ခြင်းကြောင့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သည်။

 

 

Source: Vietnam News Agency

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam