Vietnam

အမေရိကန်သို့ ပို့ကုန်တင်ပို့မှုဆိုင်ရာ သတင်းများရရှိပြီးနောက် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းအုန်းသီးဈေးနှုန်း သုံးဆတိုးမြင့်လာ

Last Updated:

ဗီယက်နမ်အုန်းသီး လတ်လတ်ဆတ်ဆတ်သော အုန်းသီးများကို အမေရိကန်သို့ တင်ပို့နိုင်သည်ဟူသော သတင်းအချက်အလက်များရှိပြီးနောက် မဲခေါင်မြစ်ဝရှိ အုန်းသီးဈေးနှုန်းများ တက်လာခဲ့သည်။

နှစ်အစပိုင်းတွင် အုန်းသီးလတ်လတ်ဆတ်ဆတ်များ ဈေးနှုန်းမှာ ၁၀ လုံးကို ဗီယက်နမ် ဒေါင် ၁၅၀၀၀-၂၀၀၀၀ ရှိရာမှ ဗီယက်နမ်ဒေါင် ၆၀၀၀၀ - ၆၅၀၀၀ အထိ သုံးဆတက်လာခဲ့သည်။

အုန်းသီးဈေးနှုန်းများ မြင့်တက်လာရသည့် အကြောင်းရင်းမှာ ကမ္ဘာ့အုန်းသီး ဈေးနှုန်းများ တိုးမြှင့်မှုကြောင့်ဖြစ် သည်ဟု Ben Trc ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနက ပြောကြားခဲ့သည် ။

ပြည်နယ်၏ အုန်းသီးဒေသသည် နိုင်ငံအတွင်းတွင် အကြီးဆုံးဖြစ်သော်လည်း ကမ္ဘာနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်သောကြောင့် အုန်းသီးဈေးနှုန်းသည် ကမ္ဘာ့ဈေးကွက်အပေါ် များစွာမူတည်ကြောင်း ဖော်ပြထားသည်။

ဗီယက်နမ် အုန်းသီးကို အမေရိကန် တရားဝင် ရောင်းချခွင့်ရရှိသည့် သတင်းများ ဖော်ပြပြီးနောက် ပြည်တွင်းဈေးကွက်၎င်း၌ အပြုသဘောဆောင်သော အချက်များစွာရှိလာသည်။

နှစ်နှစ်ကျော်ဝယ်မှု ကျဆင်းပြီးနောက် ယခုကဲ့သို့ ဝယ်ယူမှု မြင့်တက်လာခြင်းသည် အုန်းစိုက်ပျိုးသူများကို လွန်စွာစိတ်လှုပ်ရှားစေသည်။ အဘယ်ကြောင့်ဆိုသော် အုန်းပင်များသည် အိမ်ထောင်စုများစွာအတွက် အဓိကဝင်ငွေရင်းမြစ် ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ပြင် စီးပွားရေး လုပ်ငန်းတချို့ကလည်း အုန်းသီးများ တင်ပို့ဖို့ စတင်စီစဉ်ခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် အုန်းသီးထုတ်လုပ်မှုတွင် သတ္တမမြောက်အဆင့်ရှိပြီး ၁၈၈,၀၀၀ ကျော်ခန့်ရှိသည့် ဧရိယာတစ်ခုရှိပြီး အဓိကအားဖြင့် မဲခေါင်ဒေသတွင် အဓိက ပါဝင်သည်။ နိုင်ငံ၏ အုန်းသီးထွက်ရှိရာဒေသသည် ကမ္ဘာ့ဒေသ၏ ၁.၆၇ ရာခိုင်နှုန်းဖြစ်ပြီး အာရှအုန်းသီးထွက်ရှိရာဒေသ၏ ၂.၀၇ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သောနှစ်က အုန်းသီး ပို့ကုန်တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၉၀၀ ခန့် ခန့်မှန်းခဲ့ပြီး ၊ ဗီယက်နမ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် အုန်းသီး ထုတ်ကုန်တင်ပို့ရာတွင် စတုတ္ထအကြီးဆုံး တင်ပို့သည့်နိုင်ငံဖြစ်သည်။ 

လတ်တလောတွင် အလုပ်အကိုင် ၁၅,၀၀၀ ကျော်အတွက် အုန်းသီးခွံများ processing ဆောင်ရွက်ခြင်း၊ အုန်သီးဆံနှင့်အုန်းသီးအရည် ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများမှ အလုပ်အကိုင်များ ဖန်တီးပေးနေပြီး လုပ်ငန်းအရွယ်အစား အမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးဖြင့် အုန်းသီး ထုတ်လုပ်ရေးလုပ်ငန်းပေါင်း ၈၅၄ ခုခန့်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် အုန်းသီးထုတ်ကုန်များကို တင်ပို့သည့် စီးပွားရေးလုပ်ငန်း ၉၀ ကျော်ရှိပြီး ၎င်းတို့အနက် ၄၂ ခုမှာ အဆင့်မြင့် ထုတ်လုပ်တင်ပို့လျက်ရှိသည်။

အုန်းသီးထုတ်လုပ်မှု စက်မှုကဏ္ဍအနေဖြင့် အုန်းသီးနှင့် အုန်းသီးအတွက် ထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

 

Source: VN Express

(ဝင့်နန္ဒာကျော်ကျော်၊စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam