Phillippines

ဖိလစ်ပိုင်အစိုးရမှ အများပြည်သူသုံးယာဉ်မောင်းနှင်သူများ၊ ငါးဖမ်းသမားများနှင့် လယ်သမားများအား စက်သုံးဆီထောက်ပံ့ပေးမှုအစီအစဉ်အရ ပီဆို ၇ ဘီလီယံထောက်ပံ့

Last Updated:

အစိုးရမှ အများပြည်သူသုံးယာဉ်မောင်းနှင်သူများ၊ ငါးဖမ်းသမားများနှင့်လယ်သမားများအား စက်သုံးဆီတိုက်ရိုက် ထောက်ပံ့ပေးမှုအစီအစဉ်အရ ပီဆို ၇ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၂၁-၈-၂၀၂၃ ရက်နေ့က အောက်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ပြောကြားခဲ့ပါသည်။ အများပြည်သူသုံးမော်တော်ယာဉ်မောင်းနှင်သူများ၊ ပစ္စည်းသယ်ယူပို့ဆောင်ပေးသည့်လုပ်ငန်းလုပ်ငန်း လုပ်ကိုင်သူများသည် စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရသဖြင့် ယခုကဲ့သို့သော ငွေကြေး ထောက်ပံ့ပေးမှုအစီအစဉ်အား ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အများပြည်သူသုံးမော်တော်ယာဉ်မောင်းနှင်သူများအား စက်သုံးဆီထောက်ပံ့ပေးမှုအစီအစဉ်ကို ပီဆို ၅ ဘီလီယံထိ တိုးမြင့်ခဲ့ပြီး ငါးဖမ်းသမားများနှင့် တောင်သူလယ်သမားများအား ပီဆို ၂ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ထိခိုက်မှုအရှိဆုံး အိမ်ထောင်စုဝင်များအား ငွေကြေးထောက်ပံ့ပေးမှုပေးခြင်းသည် အစိုးရဌာနများမှ သုံးစွဲသည့် အသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက ပိုမို ထိရောက်မှုရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားခဲ့ပါ သည်။

အစိုးရဌာနများမှ စီမံကိန်းအကောင်အထည်ဖော်နိုင်မှု လျော့နည်း၍ သတ်မှတ်ထားသည့် ဘတ်ဂျတ်ပမာဏထက် လျှော့နည်းသုံးစွဲခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် ဒုတိယ (၃)လပတ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသည်ထက်ကျဆင်းခဲ့ပြီး ၄.၆ % ထိသာ ရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် အမျိုးသားအသုံးစရိတ်အစီအစဉ် (National Expenditure Program) အရ အစိုးရအနေ ဖြင့် စက်သုံးဆီထောက်ပံ့ပေးမှုအစီအစဉ်အတွက် ပီဆို ၃.၅ ဘီလီယံသုံးစွဲသွားရန် လျာထားကြောင်း သိရှိရပါသည်။ ပီဆို ၃.၅ ဘီလီယံအနက် ပီဆို ၂.၅ ဘီလီယံအား ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန မှတစ်ဆင့် အများပြည်သူသုံးမော်တော်ယာဉ်မောင်းနှင်သူများအား ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန် ပီဆို ၁ ဘီလီယံအား စိုက်ပျိုးရေးဝန်ကြီးဌာနမှတစ်ဆင့် တောင်သူလယ်သမားများအား ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အသုံးစရိတ်ထဲမှ စက်သုံးဆီ ထောက်ပံ့ပေးမှုအားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်ယခုနှစ်ဩဂုတ်လကုန်တွင်ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက အစောပိုင်းကာလများက ပြောကြားခဲ့ပါသည်။

အခြားသော အများပြည်သူသုံးမော်တော်ယာဉ်များမောင်းနှင်သူများမှ ပီဆို ၆,၅၀၀ ထောက်ပံ့ကြေးရရှိစဉ် မော်ဒန်ဂျီပနီကား(အများသုံးဘတ်စ်ကား) မောင်းနှင်သူများနှင့် အမြန်ကားမောင်းနှင်းသူ များက ပီဆို ၁၀,၀၀၀ ရရှိရန် မျှော်လင့်ပါကြောင်း၊ ပစ္စည်းသယ်ယူပို့ဆောင်ပေးသူများနှင့် သုံးဘီးဆိုင် ကယ်မောင်းနှင်သူများက ပီဆို ၁,၂၀၀ နှင့် ပီဆို ၁,၀၀၀ စီ အသီးသီးရရှိပါကြောင်း၊ ပြီးခဲ့သည့် သတင်း ပတ်က စက်သုံးဆီကုမ္ပဏီများသည် ဓာတ်ဆီ တစ်လီတာလျှင် ၁.၉ ပီဆို၊ ဒီဇယ်တစ်လီတာလျှင် ၁.၅၀ ပီဆိုနှင့် ရေနံဆီတစ်လီတာလျှင် ၂.၅၀ ပီဆို မြင့်တက်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။ စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်များအရ စက်သုံးဆီဈေးနှုန်းများမှာ နှစ်အတွင်း တစ်ရက်ပြီးတစ်ရက် မြင့်တက်ခဲ့ပြီး စုစုပေါင်း အသားတင်မှာ ဓာတ်ဆီတစ်လီတာလျှင် ၁၃.၄၀ ပီဆို၊ ဒီဇယ်တစ်လီတာလျှင် ၈.၆၀ ပီဆိုနှင့် ရေနံဆီတစ်လီတာလျှင် ၅.၁၄  ပီဆိုထိ မြင့်တက်ခဲ့ပါကြောင်း သိရှိရပါသည်။

 

 

 

 

 

Source; https://www.pna.gov.ph/articles/1208246

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: Phillippines