China (Kunming)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် နယ်စပ်စက်မှုဇုန်များတွင် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်လာသည်ကို တွေ့ရှိရ

Last Updated:

Yinhuang Electronic Technology Co., Ltd သည် အသံပိုင်းဆိုင်ရာ ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ထုတ်ကုန်ဒီဇိုင်းများရေးဆွဲခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ၎င်း၏ကုန်ပစ္စည်းများကို မက္ကဆီကို၊ ဖိလစ်ပိုင်၊ အိရန်၊ အိန္ဒိယ၊ ရုရှား၊ အမေရိကန်နှင့် မြန်မာနိုင်ငံ တို့အပါအဝင် နိုင်ငံပေါင်း (၅၀) ကျော်သို့ အဓိကရောင်းချလျက်ရှိသည်။

ယူနန်ပြည်နယ်၊ တဲဟုန်ဒိုင်နှင့် ဂျန်းဖော်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ရွှေလီမြို့သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ အကြီးဆုံးသော ကုန်းတွင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည်။ ရွှေလီနယ်စပ်စက်မှုဇုန်သည် စက်ကိရိယာများ ထုတ်လုပ်ခြင်း၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ၊ အထည်လိပ်နှင့် အဝတ်အထည်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် ဆိုလာပြားအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းစသည့် လုပ်ငန်းများကို အဓိကထား ဆောင်ရွက်ပါသည်။

Yinhuang သည် ဇုန်းအတွင်းရှိ ကုမ္ပဏီများမှ တစ်ခုဖြစ်ပြီး နှစ်စဉ် ကုန်ပစ္စည်း ယူနစ်ပေါင်း ၃ သန်းဝန်ကျင်း ထုတ်လုပ်လျက်ရှိပြီး တန်ဖိုးအားဖြင့် တရုတ်ယွမ် သန်း ၄၀၀ မှ သန်း ၅၀၀ ရှိသည်။  

ရွှေလီမြို့သည် ဈေးကွက်ဝင်ရောက်မှု၊ ၎င်းး၏ မူဝါဒများ၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် အခြားကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များတွင် အားသာချက်များရှိသည်။ ရွှေလီမြို့သည့် တရုတ်နိုင်ငံမှ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တိုက်ရိုက် ကုန်းလမ်းကြောင်းဖြင့် ကုန်စည်များ မြန်ဆန်စွာ တင်ပို့နိုင်ပြီး လုပ်သားစရိတ်သက်မှုရှိသဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် ကြီးမားသော ဈေးကွက်တစ်ခုဖြစ်လာသည်။

Youngor အထည်ချုပ်စက်မှုဇုန်တွင် ရွှေလီမြို့၏ ရေ၊ လျှပ်စစ်၊ သဘာဝဓါတ်ငွေ့ပံ့ပိုးနိုင်မှုနှင့် ဆက်သွယ်ရေးကွန်ရက်တို့သည် ယခုအခါ လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သဖြင့် အထည်အလိပ်လုပ်ငန်းများအတွက် ထင်ရှားသောနေရာတစ်ခု ဖြစ်လာသည်။ ရွှေလီနယ်စပ်ဖြတ်ကျော်စက်မှုဇုန်ရှိ လမ်းများ ချိတ်ဆက်ဖောက်လုပ်ထားမှု၊ ရေနှင့် လျှပ်စစ်ပင်မပိုက်လိုက်များ သွယ်တန်းထားမှုသည် စီမံကိန်းဖွံ့ဖြိုးမှုဧရီယာကို လွှမ်းခြုံထားနိုင်ပါသည်။

တရုတ်-လာအိုနယ်စပ်ရှိ မိုဟန်နယ်စပ်ဂိတ်သည်လည်း ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ကုန်သွယ်မှု စုစုပေါင်း တန်ချိန် ၄ ဒသမ ၂၃ သန်းရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၅၇ ဒသမ ၅၂ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့သည်။ မိုဟန်ဂိတ်သည် ယခုနှစ်စပိုင်းမှစတင်၍ ယာဉ်အဝင်/အထွက် တစ်ရက်လျှင် ပျမ်းမျှ အစီးရေ ၄၀၀ မှ ၈၀၀ အထိ တိုးလာပြီး လူဝင်/လူထွက် ကြာမြှင့်ချိန်သည်လည်း ပျမ်းမျှ ၅ မိနစ်မှ ၁၅ မိနစ်အတွင် ဆောင်ရွက်လာနိုင်သည်။ 

ယူနန်ပြည်နယ်အနေဖြင့် နယ်စပ်စီးပွားရေး ပူပေါင်းဆောင်ရွက်မှုဇုန်များရှိ ဦးစားပေး မူဝါဒများ၏ အကျိုးသက်ရောက်မှုများနှင့် အားသာချက်၊ အားနည်းချက်များကို စိစစ်ဖော်ထုက်၍ ပိုမိုကောင်းမွန်သော ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် မျှော်မှန်းထားပါသည်။

 

 

Source: http://english.yunnangateway.com/html/2023/feature_0907/32484.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)