Singapore

စင်ကာပူနိုင်ငံ၏ တတိယ ၃ လပတ် စီးပွားရေးအခြေအနေ

Last Updated:

၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတို့၏ အချက်အလက်များအပေါ် အခြေခံ၍ နှစ်အလိုက် တွက်ချက်မှုအရ စင်ကာပူနိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် ၂.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ရာမှ တတိယ ၃ လပတ်တွင် ၄.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ထုတ်လုပ်မှုကဏ္ဍတွင် နှစ်အလိုက်တွက်ချက်မှုအရ ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် ၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ တတိယ ၃ လပတ်တွင် ၇.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ထုတ်လုပ်မှုကဏ္ဍတွင် ဇီဝဆေးဝါးထုတ်လုပ်မှုလုပ်ငန်းမှလွဲ၍ ကျန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ခဲ့ပါသည်။

ဆောက်လုပ်ရေးကဏ္ဍတွင် နှစ်အလိုက်တွက်ချက်မှုအရ ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်တွင် ၄.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တတိယ ၃ လပတ်တွင် ၃.၁ ရာခိုင်နှုန်းသာ  တိုးတက်ခဲ့ပါသည်။ အစိုးရတည်ဆောက်ရေးလုပ်ငန်းများ တိုးတက်လာမှုကြောင့်ဆောက်လုပ်ရေးကဏ္ဍတွင် ရာခိုင် နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

ဝန်ဆောင်မှုကဏ္ဍများအနက် လက်လီလက်ကားကုန်သွယ်မှု၊ ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍတို့တွင် ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်၌ ၃.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ရာပြီး တတိယ ၃ လပတ်တွင် ၃.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ လက်ကားကုန်သွယ်မှုတွင် စက်ပစ္စည်းများ၊ ကိရိယာပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်မှု တိုးတက်လာပါသည်။ ရေလမ်းကြောင်းနှင့် လေကြောင်းတို့ဖြင့် သယ်ယူပို့ဆောင်မှုများ များပြားခဲ့သည့်အတွက် ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍတွင် တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်း၊ ပညာရပ်ပိုင်း ဆိုင်ရာဝန်ဆောင်မှုအုပ်စုတို့တွင် ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်၌ ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တတိယ ၃ လပတ်တွင် ၄.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပါသည်။ အိုင်တီနှင့် သတင်းအချက် အလက်ဝန်ဆောင်မှုလုပ်ငန်းများကြောင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍတိုး တက်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးကိုယ်စားလှယ်ရုံးခွဲများကြောင့် ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ ရန်ပုံ ငွေ စီမံခန့်ခွဲမှုလုပ်ငန်းများကြောင့် ငွေကြေးနှင့် အာမခံလုပ်ငန်းကဏ္ဍ တိုးတက်ခဲ့ခြင်းဖြစ်ပါ သည်။ 

ဝန်ဆောင်မှုကဏ္ဍများ (အပန်းဖြေတည်းခိုနေထိုင်မှု၊ အစားအသောက်ဝန်ဆောင်မှု၊ အိမ်ခြံမြေ၊ စီမံခန့်ခွဲမှုနှင့် အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်း၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ) တွင် ၂၀၂၄ ခုနှစ်၊ ဒုတိယ ၃ လပတ်နှင့် တတိယ ၃ လပတ်တို့တွင် ၁.၀ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။ ဝန်ဆောင်မှုကဏ္ဍတွင် တိုးတက်ရခြင်းမှာ အဓိကအားဖြင့် အပန်းဖြေတည်းခိုနေထိုင်မှု လုပ်ငန်းများတွင် တိုးတက်လာသည့်အတွက်ဖြစ်ပြီး နိုင်ငံ တကာမှ ခရီးသွားများ ဝင်ရောက်မှု ပိုမိုများပြားလာသောကြောင့်ဖြစ်ပါသည်။

 

(စီးပွားရေးသံမှူး၊ စင်္ကာပူမြို့)

Category: Singapore