Vietnam

၂၀၂၄ ခုနှစ်အတွင်း ဟိုင်ဖုန်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၂.၅ ဘီလီယံအထိ ဆွဲဆောင်ရန်ကြိုးပမ်း

Last Updated:

၂၀၂၄ ခုနှစ်အတွင်း မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် Hai Phòng ရှိ စက်မှုဥယျာဉ်များနှင့် စီးပွားရေးဇုန်များသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)  အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၂.၅ ဘီလီယံကို ဆွဲဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း မြို့တော်စီးပွားရေးဇုန် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့အဆိုအရ သိရှိရပါသည်။

ဘုတ်အဖွဲ့အကြီးအကဲဖြစ်သူ Lê Trung Kiên ၏ ပြောကြားချက်အရ မြို့တော်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေပြီး၊ ရေရှည်တည်တံ့သော အဆင့်မြင့်နည်းပညာများဖြင့် အကြီးစားရင်းနှီးမြှုပ်နှံသူများကို ဆွဲ‌ဆောင်ရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နည်းပညာကို ပြောင်းပေးနိုင်မည့် ကျွမ်းကျင်လုပ်သားများကို ပိုင်ဆိုင်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။

မြို့တော်၏ စီးပွားရေးမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး၊ နည်းပညာမြင့်စက်မှုလုပ်ငန်းနှင့် ပြုပြင်ထုတ်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုကို အဓိကထား ရှာဖွေမည်ဖြစ်ကြောင်း ၊ Mr. Kien ၏ အဆိုအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမလဝက်အတွင်း မြို့တော်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် မြို့တော်၏ စက်မှုဇုန်များနှင့် စီးပွားရေးဇုန်များတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရှိခဲ့ကြောင်း၊ စီမံကိန်းအသစ် ၆၂ ခုမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံနှင့် နောက်ထပ်မှတ်ပုံတင်ပြီး မတည်ရင်းနှီးမြှပ်နှံသည့် စီမံကိန်း ၃၇ ခု အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ အထိရှိကြောင်း ဖော်ပြထားပါသည်။

တစ်ချိန်တည်းတွင် ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (DDI) သည် စီမံကိန်းအသစ် ၁၅ ခုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိပြီးနှင့် ချိန်ညှိထားသော မတည်ရင်းနှီးငွေဖြင့် လက်ရှိစီမံကိန်း ၁၅ ခုရှိကြောင်း သိရှိရပါသည်။

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam