Thailand

မိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံ၏ သကြားအထွက်နှုန်းကျဆင်းဖွယ်ရှိကြောင်း ကြံနှင့်သကြား ဘုတ်အဖွဲ့ရုံးက ထုတ်ပြန်ခဲ့

Last Updated:

ပြင်းပြင်းထန်ထန်မိုးခေါင်မှုကြောင့် ထိုင်းနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ရာသီ၌ ကြံအထွက်နှုန်း ကျဆင်းနိုင်ပြီး ကမ္ဘာ့ဈေးကွက်တွင်လည်း သက်ရောက်မှုရှိနိုင်ကြောင်း ကြံနှင့်သကြား ဘုတ်အဖွဲ့ရုံးက ထုတ်ပြန်ထားပါသည်။

ထိုင်းနိုင်ငံသည် ဘရာဇီးနိုင်ငံပြီးပါက ဒုတိယသကြားတင်ပို့မှု အများဆုံးနိုင်ငံဖြစ်သဖြင့် ထုတ်လုပ်မှု ကျဆင်းနိုင်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်သို့ပါ ဖိအားဖြစ်စေနိုင်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ရာသီတွင် တောင်သူများထံမှ ကြံတန်ချိန် ၈၂.၂ သန်း ကို စက်ရုံများသို့ ပို့ဆောင်ခဲ့ပါကြောင်း၊ ၇၀ ရာခိုင်နှုန်း လတ်ဆတ်ကြံများဖြစ်ပြီး ကျန်ပမာဏမှာ လောင်ကျွမ်းကြံများဖြစ်ကြောင်း၊ မိုးခေါင်မှုကြောင့် ရေပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ပြီး ကြံစိုက်ပျိုးမှုကိုကျဆင်းစေခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ရာသီတွင် ကြံစက်ရုံ ၅၇ ရုံမှ သကြားတန်ချိန် ၈.၇၇ သန်းနှင့် တင်လဲရည် ၃.၅၅ တန်ထွက်ရှိပါကြောင်း ဘုတ်အဖွဲ့၏ တောင်သူကိုယ်စားလှယ် Mr. Verasak Kwanmuang က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးနှင့် သကြားဝယ်လိုအား ကျဆင်းနေချိန်တွင် ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့မှ ကြံပိုမိုထွက်ရှိလာသောကြောင့် သကြားဈေးနှုန်းသည် ၁ ပေါင်လျှင် ၂၅ စင့်မှ ၁၉ စင့်သို့ ကျဆင်းခဲ့ပါကြောင်း၊ ကမ္ဘာ့သကြားဈေးနှုန်း ဆက်လက်ကျဆင်းနိုင်ခြင်း သို့မဟုတ် ဈေးနှုန်းအနိမ့်တွင် ဆက်လက်တည်ရှိနေပါက ၂၀၂၄-၂၀၂၅ ရာသီအတွက် သကြားဈေးနှုန်း တွက်ချက်မှုအပေါ် သက်ရောက်နိုင်ပြီး ပြည်တွင်းသကြားဈေးနှုန်းနှင့် ကြံရန်ပုံငွေထည့်ဝင်မှု စသည်တို့အပေါ် သက်ရောက်နိုင်ကြောင်း၊ ကြံဈေးနှုန်း မြင့်တက်လာပါက တောင်သူများအနေဖြင့် ပီလောပီနံစိုက်ပျိုးမှုမှ ကြံကို ပြောင်းလဲစိုက် ပျိုးလာနိုင်ကြောင်း Mr. Verasak က သုံးသပ်ထားပါသည်။

 

Source: www.bangkok.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand