China (HongKong)

၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဟောင်ကောင်ပို့ကုန်လုပ်ငန်းရှင်များ၏ စီးပွားရေးအမြင် တိုးတက်လာ

Last Updated:

‌ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC)၏ပို့ကုန်ညွှန်းကိန်းသည် ၂၀၂၃ခုနှစ်ပထမသုံးလတွင်  ၉.၃မှ ၃၉.၀အထိ မြင့်တက် လာပါသည်။

ထိုသို့တိုးတက်လာမှုသည် ဟောင်ကောင်ပို့ကုန်လုပ်ငန်းရှင်များ၏ စီးပွားရေးအမြင်တိုးတက်လာခြင်း၏ သိသာထင်ရှားသည့်ပြယုဒ်တစ်ခု ဖြစ်ကြောင်း HKTDCက ဖော်ပြခဲ့ပါသည်။

ဖေဖော်ဝါရီလအစောပိုင်းတွင် ဟောင်ကောင်နှင့်တရုတ်ပြည်မကြီးကြား နယ်စပ်များပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ယခုကဲ့သို့တိုးတက်ခြင်းဖြစ်ပြီး ထိုသို့နယ်စပ်ပြန်ဖွင့်ခြင်း၏ အကျိုးကျေးဇူးကို လာမည့်လများတွင် အပြည့်အဝ မြင်တွေ့ရဖွယ်ရှိပါသည်။

ဇန်နဝါရီအစောပိုင်းမှစ၍ ပုံမှန်နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုများ တဖြည်းဖြည်းပြန်လည်စတင်ခြင်းကြောင့် အပြုသဘောဆောင်သည်သက်ရောက်မှုများရှိသည်ဟု ဟောင်ကောင်ပို့ကုန်တင်ပို့သူများ၏ ၈၉ရာခိုင်နှုန်းကဆို ကြောင်း HKTDC စစ်တမ်းအရသိရှိရပါသည်။

နယ်စပ်ဖြတ်ကျော် ကုန်လမ်းကုန်စည်သယ်ယူပို့‌ဆောင်မှု ပုံမှန်ပြန်ဖြစ်လာပြီးနောက် ပို့ကုန်တင်ပို့သူများ၏ ၃၆.၅ ရာခိုင်နှုန်းကျော်မှာ ဟောင်ကောင်မှတစ်ဆင့် ကုန်စည်တင်ပို့မှုများ ပိုမိုပြုလုပ်လာကြမည်ဖြစ်ပါသည်။

ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်စရိတ်များ မြင့်တက်လာမည်ဟု မျှော်မှန်းထားသောကြောင့် ပို့ကုန်လုပ်ငန်းရှင်အားလုံး၏ ၅၅.၇ ရာခိုင်နှုန်းရှိသော ဒေသခံပို့ကုန်တင်ပို့သူများအနေဖြင့် ငွေကြေးစီဆင်းမှု၊ စီမံခန့်ခွဲမှု၊ အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ တန်ဖိုးမြှင့်ဝန်ဆောင်မှုပေးခြင်းနှင့် ပြည်ပ‌ဈေးကွက်ချဲ့ထွင်တို့တွင် အာရုံစိုက်လာကြကြောင်း HKTDC စစ်တမ်းတွင်ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)