Thailand

လျှပ်စစ်မော်တော်ကားအရောင်းမြှင့်တင်ရန်မက်လုံးများ

Last Updated:

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မော်တော်ကားအသစ်များ၏ ၄ ရာခိုင်နှုန်းအထိ လျှပ်စစ် မော်တော်ကားများ ရောင်းချနိုင်ခဲ့

ထိုင်းနိုင်ငံသည် သုံးစွဲသူ ဗဟိုပြုမက်လုံးများ၏ အလားအလာကို ရှေးရှု၍ မော်တော်ကားထုတ်လုပ်သူများအတွက် ပေးထားပြီးသော မက်လုံးများအပြင် လျှပ်စစ်မော်တော်ကားများကို ပြည်တွင်းထုတ်လုပ်ရန်အတွက် ထပ်ဆောင်း မက်လုံးများ ပေးခြင်းဖြင့် အရှေ့တောင်အာရှတွင် အကြီးဆုံးလျှပ်စစ်မော်တော်ကား ဈေးကွက်အဖြစ် ရပ်တည်နေမည်ဖြစ်သည်။

အများပြည်သူသုံး အားသွင်းသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာပါက ဘတ္တရီလျှပ်စစ်မော်တော်ကားများနှင့် ပလပ်ထိုး နှစ်မျိုးသုံးကားများ (Hybrids) ပမာဏသည် နောက်ရာစုနှစ်အတွင်း ကျဆင်းသွားနိုင်ပြီး ပြည်တွင်းကား ထုတ်လုပ်မှုတိုးတက်လာကာ သုံးစွဲသူ ဗဟိုပြုမက်လုံးများကြောင့် ဝယ်လိုအားမြင့်တက်လာပါသည်။ ထိုင်းနိုင်ငံသည် လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုအခြေခံအဖြစ် မက်လုံးများဖြင့် ဆွဲဆောင်မှုအား တိုးမြှင့်ခဲ့ပြီးဈေးကွက်တွင် တင်သွင်းခွန်များလျှော့ချပေးကာ ပြည်တွင်းထုတ် လျှပ်စစ်မော်တော်ကားများ ပိုမိုဈေးသက်သာလာမည် ဖြစ်သည်။ 

ပြည်တွင်းတွင်ထုတ်လုပ်သော လျှပ်စစ်မော်တော်ကားများအတွက် အခွန် လျှော့ပေါ့ခြင်းအပြင် တင်သွင်းခွန်မရှိခြင်းကြောင့် ဝယ်ယူသူများအတွက် ဈေးနှုန်းနည်းပါးနိုင်ပါသည်။ မော်တော်ကား ထုတ်လုပ်သူများအနေဖြင့် ထိုင်းဘတ်ငွေ ၂ သန်း အောက်လျော့နည်းသော ဘတ္တရီလျှပ်စစ်မော်တော်ကား (Battery electric vehicles –BEVs) များအတွက်တင်သွင်းခွန် လျှော့ပေါ့ခွင့် ၄၀ ရာခိုင်နှုန်းထိ ခံစားရမည်ဖြစ်သည်။ ထိုင်းဘတ် ၂ သန်းနှင့် ၇ သန်းအထိ တန်ဖိုးရှိသော ဘတ္တရီလျှပ်စစ်မော်တော်ကားများအတွက် တင်သွင်းခွန် ၂၀ ရာခိုင်နှုန်းထိလျှော့ပေါ့ပေးရန် စတင်နေပါသည်။

လျှပ်စစ်မော်တော်ကားဘတ္တရီစက်ရုံအတွက် ထိုင်း‌ဘတ်ငွေ ၂၄ ဘီလီယံကို အစိုးရ၏ Subsidy Programme အဖြစ် ဆောင်ရွက်နေစဉ် လျှပ်စစ်မော်တော်ကား ဘတ္တရီများအပေါ် အကောက်ခွန် ၈ ရာခိုင်နှုန်း မှ ၁ ရာခိုင်နှုန်းထိ လျှော့ပေါ့ပေးရန် နိုင်ငံ၏ လျှပ်စစ်မော်တော်ကားမူဝါဒကော်မတီက ဖေဖော်ဝါရီလအတွင်း သဘောတူညီခဲ့သည်။ ဘတ္တရီ၏ စွမ်းဆောင်ရည် 8GWh အောက်နည်းသော  လျှပ်စစ်မော်တော်ကား ဘတ္တရီထုတ်လုပ်သည့် စက်ရုံသည် 1kWh တွင် ဘတ် ၄၀၀ မှ ၆၀၀ အထိ အစိုးရ၏ Subsidy အနေဖြင့် ရရှိမည်ဖြစ်သည်။ 8GWh ထက်များသော စွမ်းဆောင်ရည်ရှိသည့် ဘတ္တရီကို ထုတ်လုပ်ပါက 1 kWh တွင် ဘတ် ၆၀၀ မှ ၈၀၀ အထိ အစိုးရ၏ Subsidy အနေဖြင့် ရရှိမည်ဖြစ်သည်။

ထိုင်းနိုင်ငံအစိုးရက ယာဉ်ဝယ်ယူသူများအတွက် ဘတ္တရီစွမ်းဆောင်ရည်ပေါ်မူတည်၍ ဘတ် ၇၀,၀၀၀ မှ ၁၅၀,၀၀၀ အကြား အစိုးရ၏ Subsidy အနေဖြင့် ဆောင်ရွက်ပေးရန် စတင်မိတ်ဆက်နေပြီဖြစ်ပါသည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်(e-motorcycle) ၏ တန်ဖိုး ဘတ် ၁၅၀,၀၀၀ အထက် ဝယ်ယူသူများသည်လည်း ဘတ် ၁၈,၀၀၀ ကို Subsidy အဖြစ်ရရှိပါမည်။

ယခုကဲ့သို့သော မက်လုံးများပေးနေခြင်းသည် ယခုနှစ်တွင် လျှပ်စစ်မော်တော်ကား စုစုပေါင်း ၃၈,၈၀၀ စီး ရောင်းအားအနေဖြင့် ၂၀.၇ရာခိုင်နှုန်း ထိ တိုးမြှင့်ရောင်းချသွားရန်နှင့် ဘတ္တရီ လျှစ်စစ်မော်တော်ကား ၂၉,၁၀၀ စီး ရောင်းအား ၃၈.၉ရာခိုင်နှုန်းထိ တိုးမြှင့်ရောင်းချသွားရန် ဦးတည်သွားမည်ဖြစ်သည်။ ၂၀၂၃-၂၀၃၂ ကာလအတွင်း ခန့်မှန်းထားချက်အရ လျှပ်စစ်မော်တော်ကား စုစုပေါင်း အစီးရေ ၄၈,၃၈၂ စီး ရောင်းရပြီး စုစုပေါင်း မော်တော်ကား ရောင်းရနှုန်း၏ ၄.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုသွားရန် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံအစိုးရသည် ကုန်သွယ်ရေးစာချုပ်အရ တရုတ်ပြည်မကြီးမှ တင်သွင်းလာသော လျှစ်စစ်မော်တော်ကားများပေါ်တွင် တင်သွင်းခွန် ဖြတ်တောက်ခဲ့ပြီး လျှပ်စစ်မော်တော်ကား အစီးရေ ၁၀၀၀ ခန့် ရောင်းခဲ့ရသဖြင့် အောင်မြင်မှုရရှိခဲ့ပါသည်။ ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနက ပြုစုထားသော အချက်အလက်များအရ ဘတ္တရီလျှပ်စစ်မော်တော်ကား ၁၅၇၂ စီးအထိ ရောင်းအားမြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃၇၀ ရာခိုင်နှုန်း ဖြစ်ပါသည်။

တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD သည် ထိုင်းနိုင်ငံအတွင်း တရားဝင် လုပ်ငန်းလည်ပတ်နေပြီဖြစ်သည်။ ပြည်တွင်းမိတ်ဖက်ဖြစ်သော Rever Automotive နှင့်ပူးပေါင်း၍ တရုတ်နိုင်ငံမှ မော်တော်ကားများဝယ်ယူရန် ဘတ် ၃ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး ပြည်တွင်းဈေးကွက် အစီအစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။

Dongfeng Sokon Automobile (DFSK) ၏ ပြည်တွင်း တင်သွင်းသူဖြစ်သာ EV Primus က ပြည်တွင်းတွင်တပ်ဆင်ရန်အတွက် အစီအစဉ်ကို ကြေငြာပြီးဖြစ်သည်။ Volt City EV ကို မကြာသေးမီက ထုတ်ဖော်ပြသခဲ့သည့် ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံအတွင်း လျှပ်စစ်မော်တော်ကား ထုတ်လုပ်ခြင်းကို ယခုနှစ် စက်တင်ဘာလတွင် စတင်ရန် ရည်ရွယ်ထားသည်။ EV Primus က Chachoengsao ရှိ Gateway City စက်မှုဇုန်တွင် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံတစ်ရုံတည်ထောင်ရန် ဘတ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားပါသည်။

မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ BYD ATTO 3 သည် ဇန်နဝါရီလအတွင်း လျှပ်စစ်မော်တော်ကားစစ်စစ် ၁၀၄၀ စီး ထုတ်လုပ်နိုင်ခဲ့ပြီး အရောင်းရဆုံးဖြစ်ခဲ့ သည်။ BYD ပြည်တွင်းရောင်းအားဦးဆောင်မှုသည် ၎င်း၏ ATTO 3 ကို တင်ပို့နိုင်မှုကြောင့်ဖြစ်ပြီး ယခုအချိန်အထိ အစီးရေ ၁၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်။

မက်လုံးများနှင့် ဝယ်ယူမှုမြင့်တက်လာမှုကြောင့် လျှပ်စစ်မော်တော်ကားများ လက်ခံမှုအရှိန်အဟုန်မြင့်တက်နေချိန်ဖြစ်၍ Volvo (Thailand)က ပြည်တွင်း၌ လျှပ်စစ်မော်တော်ကားများ ရောင်းချရန် စဉ်းစားနေကြောင်း အစီရင်ခံထားသည်။ စီးပွားဖြစ်စဉ်းစားသည့်အပိုင်းတွင် Isuzu သည် လတ်တလောတွင် ခရီးသည်တင် လျှပ်စစ်မော်တော်ကား ဈေးကွက်လွှမ်းမိုးနေသော ထိုင်းနိုင်ငံတွင် လျှပ်စစ် Pickup နှင့် ကုန်တင်ကားများ မိတ်ဆက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းလျက်ရှိသည်။ Isuzu သည် ထိုင်းနိုင်ငံတွင် အထူးသဖြင့် Pickup နှင့် အလယ်အလတ် အရွယ်အစားရှိသော ကုန်တင်ကားမှ ကုန်တင်ကားကြီးများအထိ စီးပွားဖြစ်ယာဉ်များ ထုတ်လုပ်ရန် အာရုံစိုက်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် ယခုယာဉ်အမျိုးအစားများ၏ လျှပ်စစ် သုံးပုံစံကို နိုင်ငံအတွင်း မမိတ်ဆက်ခင် အားသွင်းသည့် နေရာများ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ခြင်း ရှိမရှိကို ဦးစွာလေ့လာပါသည်။

ဗန်ကောက်ရှိ ဒီဇယ်ဘတ်စ်ဟောင်းများကို လျှပ်စစ်ဘတ်စ်ကား ၁,၂၅၀ စီးဖြင့် အစားထိုးလဲလှယ်ရန် မှန်းထားပါသည်။ လျှပ်စစ်ဘတ်စ်ကားအရေအတွက်သည် ၃ နှစ် တာကာလအတွင်း ဗန်ကောက်ရှိ Metro ဧရိယာတစ်ဝိုက် ၈၀၀၀ စီးအထိ တိုးမြှင့် လာပါမည်။ မြို့တော်၏ ဘတ်စ်ကားလမ်းကြောင်းများတွင်လည်း အများဆုံးလမ်းကြောင်း ၅၁၅ ခုအထိ လျှပ်စစ်ဓာတ်အားရရှိမှု မြင့်တက်လာစေရန် Thai Smile Bus (TSB) က ဆောင်ရွက်နေပါသည်။

TSB သည် ၎င်း၏ စီးပွားရေး ချဲ့ထွင်မှုအနေဖြင့် ဘတ်စ်ကား ၂၁ စီးနှင့် လှေပြေးဆွဲလျက်ရှိရာ ယခုအခါ ဘတ်စ်ကားလမ်းကြောင်း ၁၂၀ နှင့် လှေလမ်းကြောင်း ၃ ကြောင်း လည်ပတ်နေပြီဖြစ်သည်။

PTT Oil အနှင့် Retail Business (RB) တို့က လျှပ်စစ်မော်တော်ကား အားသွင်းသည့် နေရာများကို ၂၀၂၂ ခုနှစ်အကုန်တွင် ၁၀၇ ခုမှ ၄၅၀ ခုထိ ဆောက်လုပ် သွားမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ၇၀၀၀ နေရာအထိ ရောက်ရှိရန် မျှော်မှန်းထားပါသည်။ ThaiBev က ၎င်း၏ အဖျော်ယမကာ ဈေးကွက်အပြင် လျှပ်စစ်မော်တော်ကား အားသွင်း နေရာကို KFC နားတွင် အစမ်းဖွင့်လှစ်ခဲ့ပြီး အောင်မြင်ပါက ၂၀၂၃ ခုနှစ် အတွင်း စီးပွားရေးအရ အချက်အချာကျသောနေရာများတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

Category: Thailand