China (Kunming)

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် လျင်မြန်စွာ ကြီးထွားလာပြီး စျေးကွက် ယုံကြည်မှု ပိုမိုအားကောင်းလာခြင်းဖြင့် စတင်မည်

Last Updated:

ခိုင်မာသော ဝန်ဆောင်မှုကဏ္ဍနှင့် ခိုင်မာသော စားသုံးမှုတို့ဖြင့် စိန်ခေါ်မှုများစွာရှိသည့် ကြားမှ စျေးကွက်မျှော်မှန်းချက်များ သိသိသာသာတိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ တရုတ် နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် ပိုမိုမြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ သည်။ တရုတ်နိုင်ငံ၏ GDP သည် ပထမသုံးလပတ်တွင် ယွမ် ၂၈.၅ ထရီလျံ (အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၄ ထရီလီယံခန့်) အထိ တစ်နှစ်ထက်တစ်နှစ် ၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ပထမ သုံးလပတ်တွင် စုစုပေါင်း GDP တိုးတက်မှုအတွက် ၆၉ ဒသမ ၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့သည့် ဝန်ဆောင်မှုကဏ္ဍ၌ ပြန်လည်ဦးမော့လာနိုင်ခြင်းသည် ဤကာလအတွင်း စီးပွားရေးလုပ်ငန်းများ ၏ သိသာထင်ရှားသော အချက်တစ်ချက်ဖြစ်သည်။ ရှေ့ဆက်ခန့်မှန်းကြည့်ရမည်ဆိုပါက လာမည့် ဒုတိယသုံးလပတ်သည် ပထမသုံးလပတ်ထက် တိုးတက်မှုနှုန်း သိသိသာသာ မြန်ဆန်လာဖွယ် ရှိသည်။

“ခိုင်မာသော ဝန်ဆောင်မှုကဏ္ဍနှင့် ခိုင်မာသောစားသုံးမှုတို့ဖြင့် စိန်ခေါ်မှုများစွာ ရှိနေခဲ့ သော်လည်း စျေးကွက်မျှော်မှန်းချက်များ သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း နှင့်အတူ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်တွင် ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့ကြောင်း” ပေကျင်းအခြေစိုက် ရှင်ဟွာသတင်းဌာနမှ ဧပြီလ ၁၈ ရက်နေ့က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ကုန်တိုက်တစ်ခုတွင် စားသုံးသူများ ဈေးဝယ်နေကြသည်ကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ GDP သည် ပထမသုံးလပတ်တွင် ယွမ် ၂၈.၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၄ ထရီလီယံ) အထိ တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ဧပြီလ ၁၈ ရက်နေ့ (အင်္ဂါနေ့) က ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် အတွက် GDP တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းနှင့် ယမန်နှစ် စတုတ္ထသုံးလပတ် အတွင်း ၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အရှိန်မြှင့် တိုးလာခဲ့သည်။

"တရုတ်နိုင်ငံရဲ့ စီးပွားရေးက ဒီနှစ်မှာ ကောင်းမွန်စွာ စတင်နိုင်ခဲ့ပြီး စျေးကွက်မျှော်မှန်း ချက်တွေလည်း သိသိသာသာ တိုးတက်လာခဲ့ပါတယ်" ဟု NBS ပြောရေးဆိုခွင့်ရှိသူ Fu Linghui က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

"ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် အချိန်တိုအတွင်း COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်မှုတို့တွင် ချောမွေ့သော အသွင်ကူးပြောင်းမှုကို ဆောင်ရွက်နိုင်ခဲ့သည်" ဟု Fu က ပြောကြားခဲ့သည်။ ပထမသုံးလပတ်တွင် စုစုပေါင်း GDP တိုးတက်မှုအတွက် ၆၉ ဒသမ ၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးသည့် ဝန်ဆောင်မှုကဏ္ဍ၌ ပြန်လည်ဦးမော့လာခြင်းသည် ယင်းကာလ အတွင်း စီးပွားရေးလည်ပတ်မှု၏ သိသာထင်ရှားသော အချက်တစ်ချက်ဖြစ်ကြောင်း Fu က ပြောကြားခဲ့သည်။

ခရီးသွားလာမှုမှ ကူညီဆောင်ရွက်ပေးမှုများအထိ အခြေခံဆက်စပ်သည့်လုပ်ငန်းများတွင် အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ဝန်ဆောင်မှုကဏ္ဍ၏ ပထမသုံးလတွင် တစ်နှစ်ထက် တစ်နှစ် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပထမသုံးလပတ်တွင် နေရာထိုင်ခင်းနှင့် ကူညီဆောင်ရွက်ပေးသည့်ကဏ္ဍ၌ တစ်နှစ်ထက်တစ်နှစ် ၁၃ ဒသမ ၆ ရာခိုင်နှုန်း တိုးလာသဖြင့် ယမန်နှစ် စတုတ္ထသုံးလပတ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားသည်နှင့် နှိုင်းယှဉ်ပါက သိသာသော ဆန့်ကျင်ဘက်ဖြစ်နေသည်ကို တွေ့ရသည်။ ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပထမသုံးလပတ်တွင် ရထားနှင့် လေကြောင်းခရီးသည် ပမာဏမှာ ၆၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၆၈ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာသဖြင့် စျေးကွက်အသက်ဝင်မှု မြင့်တက်လာခဲ့သည်။

ယနေ့သတင်း အချက်အလက်များအရ လူသုံးကုန်ပစ္စည်းများ၏ လက်လီရောင်းချမှု များသည် ယမန်နှစ် နောက်ဆုံးသုံးလပတ်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွား သော်လည်း ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဖော်ပြနေသည်။

"ဒီတိုးတက်မှုတွေက ပြည်တွင်းဝယ်လိုအား တဖြည်းဖြည်း ကျယ်ပြန့်လာနေကြောင်း ပြသနေပြီး စားသုံးသူတွေရဲ့မျှော်မှန်းချက်တွေလည်း တိုးတက်လာပါတယ်" ဟု Fu က ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်ဟိုင်ပြည်နယ် ရှီးနန်မြို့ရှိ Zhongfu Shenying Carbon Fiber Co., Ltd. ၏ ထုတ်လုပ်မှု ဆောင်ရွက်နေပုံကို တွေ့ရစဉ်

Zhixin Investment Research Institute မှ ဘောဂဗေဒပညာရှင် Lian Ping က တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုသည် အဓိက တိုးတက်မှုဖြစ်ခဲ့ပြီး စားသုံးမှု တိုးတက်မှုသည် ဒုတိယသုံးလပတ်တွင် ပိုမိုမြှင့်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ NBS ၏ အဆိုအရ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် တန်ဖိုးမြှင့်စက်မှုထုတ်ကုန် ထွက်ရှိမှုသည် တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်း တိုးလာပြီး ငွေလုံးငွေရင်းရင်းနှီးမြှုပ်နှံမှုသည် ပထမသုံးလပတ်တွင် တစ်နှစ်ထက် တစ်နှစ် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးလာကြောင်း အခြားအချက်အလက်များအရ သိရသည်။

ရှေ့ဆက်ခန့်မှန်းကြည့်ရမည်ဆိုပါက လာမည့် ဒုတိယသုံးလပတ်၏ တိုးတက်မှုနှုန်းသည် ပထမသုံးလပတ်ထက် သိသိသာသာ မြန်ဆန်ဖွယ်ရှိသည်ဟု Fu က ပြောကြားခဲ့သည်။ သို့သော် မြင့်မားသော အခြေခံနှိုင်းယှဉ်မှုများကြောင့် ဒုတိယသုံးလပတ်ထက် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်တို့တွင် တိုးတက်မှုနှုန်း နှေးကွေးလာနိုင်သည်ဟု Fu က ဆိုသည်။ အခြေခံ အကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားခြင်းမပြုပါက တစ်နှစ်ပတ်လုံး၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ မြင့်တက်လာနိုင်ဖွယ်ရှိသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် GDP တိုးတက်မှုကို ၅ ရာခိုင်နှုန်းဝန်းကျင်အထိ ရည်မှန်းထားသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေး ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

တိုးမြှင့်လာသော သုံးစွဲမှုနှင့် တည်ငြိမ်သော ပုံသေရင်းနှီးမြုပ်နှံမှုတို့သည် အနာဂတ် တိုးတက်မှုကို ပံပိုးထားသည်ဟု Fu က ပြောကြားခဲ့သည်။ အိမ်ခြံမြေအရောင်းအ၀ယ်သည် ပထမသုံးလပတ်တွင် အပြုသဘောဆောင်သော အပြောင်းအလဲများကို မြင်တွေ့ရပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများ တဖြည်းဖြည်း တည်ငြိမ်လာဖွယ်ရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ပို့ကုန်နှင့်ပတ်သက်၍ Fu က တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ဖိအားများစွာရှိနေ ကြောင်း ဝန်ခံခဲ့သော်လည်း တရုတ်နိုင်ငံသည် တစ်နှစ်ပတ်လုံး နိုင်ငံခြားကုန်သွယ်မှု အရည် အသွေးမြှင့်တင်ရေးနှင့် တည်ငြိမ်ရေး ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖွယ် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်နတိုင် လူမျိုး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ်ခွဲ၊ ကျင်ဟော့မြို့၏ ညဈေးတစ်နေရာကို တွေ့ရစဉ်

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပထမနှစ်လတွင် ၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်း သွားသော်လည်း ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် အပြုသဘောဆောင်သည့် အပြောင်းအလဲများ ဆက်တိုက်ရှိနေသော်လည်း စီးပွားရေး ပြန်လည်နာလန်ထူမှု၏ အခြေခံအုတ်မြစ်သည် မခိုင်မာသေးကြောင်း Fu က သတိပေး ခဲ့သည်။ ရှုပ်ထွေးသော နိုင်ငံတကာပတ်ဝန်းကျင်၊ ကမ္ဘာလုံး ဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းခြင်း၊ ပြည်တွင်းဝယ်လိုအား မလုံလောက်ခြင်းနှင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ဖွဲ့စည်းပုံဆိုင်ရာပြဿနာများ အပါအဝင် တရုတ် နိုင်ငံ၏ စီးပွားရေးအတွက် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရှိနေသည်ကို သတိပေးခဲ့သည်။

တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုရန်၊ သိပ္ပံနည်းကျ ပစ်မှတ် ထားသောပုံစံဖြင့် မက်ခရိုမူဝါဒများကို အကောင်အထည်ဖော်ရန်နှင့် ပြည်တွင်း ဝယ်လိုအား၏ အလားအလာကို ကျော်လွန်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများကို အလေးပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

 

စီးပွားရေးသံမှူး၊ ကူမင်းမြီု့

အရင်းအမြစ်၊   http://english.yunnangateway.com

 

Category: China (Kunming)