Vietnam

ဗီယက်နမ်နိုင်ငံအနေဖြင့် မည့်သည့်အခြေအနေတွင်မဆို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်

Last Updated:

စက်မှုနှင့်ကုန်သွယ်ရေးဆက်သွယ်ရေးဝန်ကြီး Nguyen Hong Dien သည် ယခုနှစ် ပထမနှစ်ဝက်တွင် စက်သုံးဆီထောက်ပံ့ပေးမှုအခြေအနေများကို ပြန်လည်သုံးသပ်ရန်နှင့် ကျန်လများအတွင်း စက်သုံးဆီထောက်ပံ့ပေးမှု သေချာစွာဆောင်ရွက်ရန် စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ဝန်ကြီး Nguyen Hong Dien က ၂၀၂၃ ခုနှစ်ပထမနှစ်ဝက်တွင် ငွေကြေးဖောင်းပွမှု၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုများနှင့်အတူ ကမ္ဘာ့စီးပွားရေးဆက်လက် ကျဆင်းသွားကြောင်း၊ ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်မှုကြောင့် ရေနံဝယ်လိုအားမမြင့်သကဲ့သို့ ရောင်းလိုအားလည်း အလွန်ရှားပါးပြီး  ရေနံဈေးတည်ငြိမ်နေကြောင်း၊ ပြည်တွင်းရှိ Nghi Son နှင့် Binh Son Refining ရေနံ စက်ရုံတို့မှ ရေနံထွက်ရှိမှု တည်ငြိမ်နေသည်ကိုတွေ့ရှိရကြောင်း၊ ဝန်ကြီး Nguyen Hong Dien မှ ရေနံရောင်းဝယ်ရေးလုပ်ငန်းများသည် ရေနံပေးဝေမှုနှင့် ကုန်သွယ်မှုဆိုင်ရာ စည်းကမ်းများကို တိတိကျကျလိုက်နာကြကြောင်း၊ ဖြန့်ဖြူးရေးအတွက်လည်း အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်းရေနံထုတ်လုပ်မှုတွင် Binh Son နှင့် Nghi Son တို့သည် ၎င်းတို့ ကတိကဝတ်များအတိုင်း ဈေးကွက်ကိုထောက်ပံ့နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ တစ်ချိန်တည်းတွင် ရေနံထုတ်လုပ်မှု၊ ရောင်းလိုအားနှင့် ကုန်သွယ်မှုတွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOIT) က အမိန့်အမှတ် ၂ ခုကို ပြင်ဆင်ဖြည့်စွက် ဖော်ပြထားကြောင်းသိရှိရပါသည်။

ဝန်ကြီးမှ အပြုသဘောဆောင်သည့် ရလဒ်များအပြင် ရေနံရောင်းဝယ်မှုများရှိ ချို့ယွင်းချက်၊ ကန့်သတ်ချက်၊ အတားအဆီးများ၊ ပြဿနာ၏ အကြောင်းရင်းများ ထောက်ပြခဲ့ပြီး လာမည့်ကာလတွင် ကမ္ဘာ့နိုင်ငံများနှင့် ပြည်တွင်းစီးပွားရေးအခြေအနေကို ခန့်မှန်းထားသကဲ့သို့ ယခုနှစ် လက်ကျန်ကာလများတွင် ရေနံဝယ်လိုအားနှင့် ပြည်တွင်း၏ ရောင်းလိုအားနှင့်လိုအပ်ချက်ကို ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

၎င်းမှ ရှေ့ဆက်ဆောင်ရွက်ရန် အချက် ၅ ချက်ရှိပါကြောင်း၊ ပထမအချက်အနေဖြင့် လိုအပ်သည့်အခါ စစ်ဆေးနိုင်ရန်အတွက် MOIT သို့ လွန်ခဲ့သည့် ၆လအတွင်း ၎င်းတို့၏ ရေနံထုတ်လုပ်မှုနှင့် ကုန်သွယ်မှုစွမ်းရည် အစီရင်ခံစာတင်ပြရန်၊ ဒုတိယအချက်အနေဖြင့် MOIT မှ Vietnam Oil & Gas Group နှင့် Binh Son ရေနံချက်စက်ရုံတို့အား နည်းပညာအစီအစဉ်ရေးဆွဲစေရန်၊ တတိယအချက်အနေဖြင့် စည်းမျဉ်းစည်းကမ်း တိတိ ကျကျ လိုက်နာရန်နှင့် ရေနံဈေးနှုန်း တည်ငြိမ်ရေးရန်ပုံငွေသို့ မဖြစ်မနေထည့်သွင်းရန် ၊ စတုတ္ထအချက်အနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ လုပ်ငန်းပိုင်း ဆိုင်ရာတွင် Electronic စာရွက်စာတမ်းများနှင့်  တောင်းခံလွှာလျှောက်ထားရန်၊ ပဥ္စမအချက်အနေဖြင့် ဈေးနှုန်းတွက်ချက်မှု၏ ဖော်မြူလာနှင့်ပတ်သက်သည့် အချက်အလက်များ ပုံမှန်တင်ပြရန်နှင့် ၎င်းတို့၏ website များတွင် လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးတင်ပြရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

Source  :www.ven.vn

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam