Thailand

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၊ Prayut Chan-o-cha က ဆော်ဒီအာရေဗျ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ

Last Updated:

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ်၊ Prayut Chan-o-cha က ဆော်ဒီအာရေဗျ Consultative Assembly ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Abdullah Mohammed Ibrahim Al-Sheikhနှင့် အဖွဲ့အား ၂၀-၇-၂၀၂၃ ရက်နေ့က အစိုးရအိမ်တော်တွင် လက်ခံ တွေ့ဆုံခဲ့ပါကြောင်း၊ ခရီးသွားလာရေးနှင့် Eastern Economic Corridor (EEC) တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပါကြောင်း ဒုတိယ ပြောရေးဆိုခွင့် ရှိသူ Ms. Tipanan Sirichana က ပြောကြားပါသည်။

အစည်းအဝေးတွင် ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေးအတွက် ဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမို ခိုင်မာ စေမည် ဟု ဗိုလ်ချုပ်ကြီး Prayut က ပြောကြားခဲ့ပါကြောင်း၊ အထူးသဖြင့် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးမြှင့်တင်မည့် နည်းလမ်းများနှင့် EEC ဧရိယာအတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအပေါ် အလေးထားဆွေးနွေးခဲ့ကြပါကြောင်း Ms. Tipanan က ဆက်လက်ပြောကြားပါသည်။

ဆွေးနွေးမှုတွင် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများနှင့် ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အခွင့်အလမ်းများလည်းပါဝင်ပါကြောင်း၊ ကုလသမဂ္ဂ၊ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (the Organisation of Islamic Cooperation) နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှုကောင်စီ (the Gulf Cooperation Council) အပါအဝင် နိုင်ငံစုံ စာချုပ်စာတမ်းများ အောက်တွင်လည်း အချင်းချင်း အထောက်အပံ့ပေးသွားရန်လည်း သဘောတူညီခဲ့ပါကြောင်း၊ ယခုတွေ့ဆုံမှုသည် ပြီးခဲ့သည့်နှစ်က နားလည်မှုစာချွန်လွှာများစွာ လက်မှတ်ရေးထိုးရန် Riyadh သို့သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး Prayut ၏ ခရီးစဉ်ပြီးနောက် ဥပဒေပြုကိုယ်စားလှယ်အဖွဲ့နှင့် ပထမဆုံးတွေ့ဆုံခြင်းဖြစ်ကြောင်း  Ms. Tipanan က ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် တရုတ်နှင့် အမေရိကန်တို့၏ ဈေးကွက်များ ခိုင်မာမှုအားနည်းလာခြင်းကြောင့် ၎င်း၏ ဦးတည်ချက်အသစ်အဖြစ် အရှေ့အလယ်ပိုင်းဒေသများသို့ ပို့ကုန်ဈေးကွက်ကို ပိုမိုချဲ့ထွင်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းလျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand