China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရေနံစိမ်းထွက်ရှိမှု ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တိုးတက်လာခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ရေနံစိမ်းထွက်ရှိမှုသည် ယခုနှစ် ပထမနှစ်လတွင် တည်ငြိမ်စွာ တိုးတက်လာခဲ့ကြောင်း အချက်အလက်ဖော်ပြမှုများအရ သိရှိရပါသည်။

အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ အဆိုအရ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ကာလအတွင်း ရေနံစိမ်းအထွက်နှုန်း စုစုပေါင်းမှာ တန်ချိန် ၃၅.၁၁ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ၂.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှုမှာလည်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ပထမနှစ်လအတွင်း ရေနံစိမ်းတန်ချိန် ၈၈. ၃၁ သန်း တင်သွင်းခဲ့ပြီး ကာလတူထက် ၅.၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း အချက်အလက်ဖော်ပြချက်များအရ သိရှိရပါသည်။

 

 

Source: China's crude oil output increases in January-February - People's Daily Online

(စီးပွားရေးသံမှူး၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)