Phillippines

အမေရိကန်နှင့် ကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန မျှော်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်၏ ကြေညာချက်ဖြစ်သော လွတ်လပ်သော ကုန်သွယ်မှု ဆက်ဆံရေးအစားဦးစားပေးဆောင်ရွက်နေသည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF) အရ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နီးစပ်မှုမရှိသေးကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အတွင်းရေးမှူး Alfredo E. Pascual မှ ပြောကြားခဲ့ပါသည်။

အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒသည် လွတ်လပ်သောကုန်သွယ်မှုဆက်ဆံရေး မရှိသော်လည်း အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF) ရှိကြောင်း အမေရိကန် ကုန်သွယ်ရေးဆိုင်ရာသံအမတ်ကြီး Katherine Tai နှင့်သဘောတူညီခဲ့ကြပြီး အမေရိကန်နိုင်ငံ၏ Generalized System of Preference အရ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် အခြားသော တရားဝင်ကုန်သွယ်မှုဆက်ဆံရေးတစ်ခု တည်ဆောက်ရန်ခက်ခဲနေကြောင်း Alfredo E. Pascual မှ ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေးပြီးနောက် ဖိလစ်ပိုင်-အမေရိကန်(၂+၂) ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ပူးတွဲကြေညာချက်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

စီးပွားရေးဆိုင်ရာရှုထောင့်မှ ကြည့်မည်ဆိုပါက နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအား မြှင့်တင်သွားရန် ကတိကဝတ်ပြုခဲ့ကြကြောင်းနှင့် ယခုထက်ပို၍ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင်သဘောတူညီချက်အရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

ထို့ပြင်အစားအသောက်နှင့် စွမ်းအင်လုံခြုံရေးကိစ္စများ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ခေတ်မှီသည့် အခြေခံအဆောက်အအုံများ ဖော်ဆောင်ရေးတို့ပါဝင်သည့် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နှင့် အမေရိကန်တို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍရေရှည်တည်တံ့စွာ ဖွံ့ဖြိုး တိုးတက်စေရန်၊ သဘာဝဘေးဒဏ် ဆိုးရွားစွာခံစားရသည့် ပြည်သူများနှင့် ထိခိုက်မှုမရှိသည့် ပြည်သူများပါမကျန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရေး ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အတူတကွ ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အပြီးသတ်အားဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို ပံ့ပိုးကူညီသွားရန်နှင့် လိုအပ်သည့် နည်းပညာ၊ ငွေကြေးအထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှု၊ သင်တန်းပေးခြင်း၊ တီထွင်ဆန်းသစ်ခြင်းတို့အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန် လည်း သဘောတူညီခဲ့ကြပါသည်။

လတ်တလောကြေညာထားသည့် ဖိလစ်ပိုင်-အမေရိကန် ကမ်းလွန်လေစွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးမိတ်ဖက်စီမံကိန်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် အရေးကြီးသော နည်းပညာထောက်ပံ့မှုအား ဆက်လက်ဆောင်ရွက်ပေးရန်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ ရာသီဥတုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ငွေကြေးအထောက်အပံ့ရစေရန် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ဆောင်ရွက်သွားရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါသည်။

နျူကလီးယားစွမ်းအင်၊ ဆိုလာစွမ်းအင်၊ ကမ်းလွန်လေစွမ်းအင်ဆိုင်ရာ ကာလတို၊ ကာလရှည် အစီအမံများအပါအဝင် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အဆင့်မြင့်အရာရှိများပါဝင်သည့် စွမ်းအင်မူဝါဒချမှတ်နိုင်ရေးဆွေးနွေးပွဲအား ကျင်းပသွားရန်လည်း သဘောတူညီခဲ့ကြပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Source: https://mb.com.ph/2023/4/19/dti-looks-forward-to-new-forms-of-trade-cooperation-with-us

Category: Phillippines