Phillippines

ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းမှာ အာဆီယံတွင် ဒုတိယနေရာသို့ ရောက်ရှိနိုင်ကြောင်းခန့်မှန်း

Last Updated:

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ ကိန်းဂဏန်းများအရ ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၅.၈ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ပြီး ဖိလစ်ပိုင်နိုင်ငံပြီးပါက ဒေသတွင်း ဒုတိယနေရာတွင် ရပ်တည်နေသော ကမ္ဘောဒီးယားနိုင်ငံ၏နေရာသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။

အထူးသဖြင့် ပြည်သူ့ကြွေးမြီစာရင်းမှာ အခြားအာဆီယံအဖွဲ့ဝင် (၈) နိုင်ငံနှင့် နှိုင်းယှဉ်မည် ဆိုပါကအနိမ့်ဆုံးတွင်ရပ်တည်နေနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၆.၈ ရာခိုင်နှုန်းသို့ ရောက်ရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးသို့ရောက်ရှိနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့မှ ခန့်မှန်းထားရှိပါသည်။

 ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၆.၈ခိုင်နှုန်း ထိ ထပ်မံတိုးမြင့်နိုင်ပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရရှိပါသည်။ ထို့ပြင် ပြည်သူ့ကြွေးမြီ စာရင်းမှာ ၂၀၂၆ ခုနှစ်တွင် ဂျီဒီပီ၏ ၄၇.၅ရာခိုင်နှုန်း ရှိရာမှ ၂၀၂၈ ခုနှစ်တွင် ၃၁.၃ခိုင်နှုန်းထိ ကျဆင်းသွားနိုင်ပြီး ဂျီဒီပီတွင် ပြည်သူ့ကြွေးမြီစာရင်းပါဝင်မှုရာခိုင်နှုန်းမှာ ၂၀၂၈ တွင် ဆယ်စုနှစ် ၂ ခုအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ၅ခိုင်နှုန်း နှင့် ၃ခိုင်နှုန်း အသီးသီးရှိနိုင်ကြောင်း ဖော်ပြပါရှိပါသည်။

 ချေးငွေအဖွဲ့အစည်းများမှ ၎င်းတို့၏ ချေးငွေအတိုးနှုန်းများအား လျှော့ချနိုင်ရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗီယက်နမ်ဗဟိုဘဏ်သည် အတိုးနှုန်းအားလျှော့ချခဲ့ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ Dao Minh Tu မှ ပြောကြားခဲ့ပါသည်။ အပ်ငွေအပေါ်အတိုးနှုန်းမှာ တစ်နှစ်အတွက် ၇ ရာခိုင်နှုန်းနှင့် ချေးငွေအပေါ်အတိုးနှုန်းမှာ ၁၀ခိုင်နှုန်းရှိနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များမှ ခန့်မှန်းထားပါသည်။

၂၀၂၃ ခုနှစ်အတွင်း ငွေကြေးမူဝါဒအား ဖြေလျှာ့ပေးရန်ရှိကြောင်းနှင့် ဒုတိယ ၆ လပတ်တွင် အတိုးနှုန်းအား အနိမ့်ဆုံး ၅၀ ပွိုင့် အထိ ဆက်လက်လျှော့ချသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ပြောကြားခဲ့ပါသည်။

၂၀၂၂ အတွင်းအမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းဆက်တက်မြင့်တက်ခဲ့မှု အကျိုးဆက်အနေဖြင့် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်ဒေါ်လာမြင့်တက်ခဲ့ကြောင်း Bao Viet ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်က ၎င်း၏အမြင်အား ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၂ ခုနှစ် နောက်ဆုံး ၃ လပတ်တွင် ၅.၉၂ခိုင်နှုန်း ရှိရာမှ ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် ၃.၃၂ ခိုင်နှုန်းသို့ ကျဆင်းသွားခြင်းအတွက် ဗီယက်နမ်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း ချက်ချင်းလျှော့ချခြင်းအပါအဝင် အခြားမူဝါဒများဖြေလျှော့ပေးခြင်းကိုလည်း လုပ်ဆောင်သင့်ကြောင်း United Oversea Bank (UOB) ဘဏ်မှ အကြံပြုပြောကြားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

https://www.pna.gov.ph/articles/1199889

Category: Phillippines